ကော့တေးချစ်သူများအတွက် ဒီတစ်ခါမှာတော့ ချယ်ရီသီးများဖြင့် အလှဆင်ထားတဲ့ Dirty Shirley ကော့တေး ပြလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ပါဝင်ပစ္စည်း (၅) မျိုးခန့် ရှိရုံနဲ့တင် တကယ့် ပရော်ဖက်ရှင်နယ် Bartender တွေလိုမျိုး အရသာ ယစ်မူးသွားစေမယ့် ကော့တေးတစ်ခွက်ကို ဖျော်စပ်နိုင်ပြီပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဗော့ကာ စားပွဲတင်ဇွန်း ၄ ဇွန်း
  • လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • Lemon-Lime Soda စားပွဲတင်ဇွန်း ၁၂ ဇွန်းမှ ၁၆ ဇွန်းအထိ
  • Grenadine စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၃ ဇွန်းအထိ
  • Maraschino Cherry Syrup စားပွဲတင်ဇွန်း ၁ ဇွန်း (မထည့်လည်းရပါတယ်။)

Dirty Shirley

  • အလှဆင်ဖို့ရန်အတွက် ချယ်ရီသီးများ ၁ လုံးမှ ၂ လုံးခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်ပါ။

Grenadine ဆိုတာကတော့ ကော့တေး ဖျော်တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ ပါဝင်ပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ သူကတော့ အယ်လ်ကိုဟော မပါဝင်တဲ့ အနီရောင် အချိုရည်တစ်မျိုးဖြစ်ပြီး သလည်းသီးများဖြင့် ပြုလုပ်ထားတဲ့ သစ်သီးအချိုရည်တစ်ခု ဖြစ်ပါတယ်။

Dirty Shirley

၂။ ဖန်ခွက်ရှည်တစ်ခွက်ထဲတွင် ဗော့ကာ စားပွဲတင်ဇွန်း ၄ ဇွန်း ထည့်ပါ။ သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါ။ ထို့နောက် ရေခဲတုံးများကို မိမိစိတ်ကြိုက် လိုသလောက် ထည့်ပါ။

၃။ ထို့နောက် ဖန်ခွက်ထဲသို့ Lemon-Line Soda ထည့်ပါ။ ပြီးတဲ့အခါ Grenadine နှင့် Maraschino Cherry Syrup ထည့်ကာ သမအောင် မွှေဖျော်လိုက်ပါ။

Dirty Shirley

Maraschino Cherry Syrup ကရော မထည့်ချင်လည်း ရပါတယ်။ Grenadine သလည်းသီး အချိုရည်ရဲ့ အရောင်ကလည်း ကွီးတို့ရဲ့ Dirty Shirley ကော့တေး ကို အရောင်လှသွားအောင် ဖန်တီးပေးပါလိမ့်မယ်။

၄။ အရသာ မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာတော့ လိုအပ်ပါက Lemon-Line Soda နှင့် Grenadine တို့ ထပ်ထည့်နိုင်ပါတယ်။

cocktail

၅။ အားလုံး ပြီးသွားတဲ့အခါမှာတော့ အပေါ်ကနေ ချယ်ရီသီး ၂ လုံးဖြင့် လှလှပပလေး အလှဆင်ပေးလိုက်နိုင်ပါပြီ။

ဒါဆိုရင်တော့ ကွီးတို့ စိတ်ကြိုက် လျှာလည်သွားစေမယ့် Dirty Shirley ကော့တေး တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

တကယ်လို့ ကွီးတို့အနေနဲ့ ဒီအရသာကို ပုံစံအသစ်တစ်မျိုး ပြောင်းချင်တယ် ဆိုရင်တော့ Lemon-Lime Soda အစား Ginger Ale (သို့) Tonic တို့ကို အစားထိုး အသုံးပြုကာ ကော့တေး အရသာသစ်တစ်မျိုး ဖန်တီးနိုင်ပါတယ်။

cocktail

တကယ်လို့ အရသာကို ခပ်ချိုချိုလေး ဖန်တီးချင်တယ်ဆိုရင်တော့ Maraschino Cherry ရည်ကို ၁ စက်၊ ၂ စက်ခန့် ပိုထည့်နိုင်ပါတယ်။ ဒါမှမဟုတ် Lemon-Lime Soda ဖျော်ရည်အစား ရိုးရိုး Soda ရေကို အသုံးပြုနိုင်ပါတယ်။

ဒီလိုဖျော်နည်း ပေါင်းစုံကို သိထားမယ်ဆိုရင်တော့ ကိုယ့်အိမ်မှာ ပါတီပွဲ ကျင်းပတဲ့အခါ ကိုယ်တိုင်ကိုယ်ကျ လက်စွမ်းပြနိုင်ပြီပေါ့။

Source: Thespruceeats

Featured Image: Thespruceeats