အာဆင်နယ်ဂန္တဝင် အီယန်ရိုက်က နော်တင်ဟမ်ဖောရက်စ်ကို အက်ဖ်အေလား တတိယအဆင့်မှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ လူစားလဲလှယ်ခြင်းခံခဲ့ရလို့ ဒေါသတကြီး တုံ့ပြန်ခဲ့တဲ့ နူနို တာဗာရက်စ်ကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

Nuno Tavares

Photo: Eurosport

တာဗာရက်စ်ဟာ ပထမပိုင်း ပွဲကစားချိန် ၃၄ မိနစ်အကြာမှာပဲ နည်းပြ အာတီတာရဲ့ ကီရန် တီယာနီနဲ့ လူစားလဲလှယ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ မပျော်မရွှင်ဖြစ်နေခဲ့တာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ တာဗာရက်စ်ဟာ နည်းပြ အာတီတာရှေ့ကနေ ဆောင့်ကြီးအောင့်ကြီးနဲ့ အရန်ခုံဆီ သွားခဲ့ပြီး ကွင်းကြမ်းပြင်ပေါ်ကို စိတ်ပျက်လက်ပျက်နဲ့ လက်အိတ်တွေကို ချွတ်ပြီး လွှင့်ပစ်ခဲ့တာဖြစ်ပါတယ်။

တာဗာရက်စ်ဟာ တောင်ပံတကြောမှာ နော်တင်ဟမ် ဖောရက်စ်ကစားသမား စပန့်စ်ရဲ့ ဒုက္ခပေးခြင်းကို နာရီဝက်ကြာ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရှေ့နောက်မကြည့်ဘဲ ဘောလုံးပေးပို့မှုကြောင့်လည်း မကြာခဏ ဘောလုံးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး အီယန် ရိုက်က နူနို တာဗာရက်စ်ရဲ့ လူစားလဲလှယ်ခံရချိန်အတွင်း တုံ့ပြန်မှုဟာ အာတီတာနဲ့ပတ်သက်ပြီး အဆင်မပြေဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။

Tavares's reaction being subbed

“သူ ဆိုးဆိုးရွားရွား စတင်ခဲ့တယ်။ သူ လူစားလဲခံရပြီးတော့ သူ့လက်အိတ်တွေကို ကြမ်းပေါ်ကို လွှင့်ပစ်ခဲ့တယ်။ ဒီလိုလုပ်တာက သူ အဲဒီလို လုပ်ရမယ့် နည်းပြ မှားနေတာလို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုမျိုး ခံယူချက်မျိုး ပြသခြင်းက အဲဒီအချိန်မှာ အာတီတာ မနှစ်သက်မယ့် တစ်စုံတရာကို သူ ပြသတာဖြစ်တဲ့အတွက် လေးစားမှုမရှိတာလို့ ကျွန်တော် ထင်တယ်။ အထူးသဖြင့် သူ့ကို ထည့်ပြီး ကစားခွင့်ပေးခဲ့တဲ့ နည်းပြကိုမှ သူ လေးစားမှုမရှိခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro