ကွီးတို့ ပတ်ဝန်းကျင်မှာ သစ်သား ဆိုင်းဘုတ်တွေနဲ့ အလှဆင်ထားတာတွေကို နေရာအတော်များများမှာ တွေ့နိုင်ပါတယ်။ ဟိုတယ် ၊ လုပ်ငန်းအမှတ်တံဆိပ်၊ နာမည်၊ လမ်းညွှန် စသည်ဖြင့် သစ်သားနဲ့လုပ်တဲ့ ဆိုင်းဘုတ်တွေ အများကြီးရှိပါတယ်။  သစ်သား ဆိုင်းဘုတ် များဟာ ရှေးရိုးဆန်တာ တနည်း ကျေးလက် သဘာဝဆန်တဲ့ အသွင်အပြင်ကို ပေးတဲ့အပြင် တာရှည်ခံပါတယ်။ ကွီးတို့ ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ DIY သစ်သား ဆိုင်းဘုတ် လေးများ လုပ်ပုံလုပ်နည်းတွေကို ပြောပြပေးပါမယ်။

DIY သစ်သား ဆိုင်းဘုတ်

Photo : lovelyetc.

ပထမဆုံး သစ်သားဆိုင်းဘုတ် အရွယ်အစား နဲ့ ဆေးသုတ်တဲ့ နည်းစနစ်ပေါ် မူတည်ပြီး လိုအပ်မဲ့ ပစ္စည်းတွေကို စုဆောင်းရပါမယ်။

DIY သစ်သား ဆိုင်းဘုတ်

Photo : lovelyetc.

လိုအပ်သောပစ္စည်းများ။   ၃/၄”  လက်မ   အထူရှိတဲ့ အထပ်သား(သို့မဟုတ်) ပျဉ်ပြား၊  ဆိုင်းဘုတ် နောက်ခံဆေးသုတ်ရန် မျက်နှာပြင် အခံရေဆေး၊ ဆေးသုတ်ရန် ဒလှိမ့်တုံးဆေးသုတ်တံ အသေး၊ စာလုံး သို့မဟုတ် အမွန်းပြောက်ပုံ ဖောက်ထားသော ကတ္ထူပြား သို့မဟုတ် ကော် ပြား၊ ပွိုင့် အလယ်အလတ် ဆီဆေး  မတ်ကာဘောပင် ၊ ၁” X ၂” ဇလီ ဘောင်သစ်သားချောင်း ၊ ဘောင်သစ်သား အ‌ရောင်တင်ဆီတို့ လိုအပ်ပါတယ်။ ဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရနိုင်ပါတယ်။

လုပ်ငန်းသုံး ကရိယာများ။ သံမှိုနဲ့ သံရိုက်တူ၊ သစ်သားဖြတ်လွှ။

အကောင်းဆုံးကတော့ ၃/၄ အထပ်သားကို သုံးပါ။ မျက်နှာပြင် ချော ၊ ဈေးသက်သာပြီး အလွယ်တကူ ဖြတ်တောက်လို့ ရပါတယ်။ ၂’ X ၂’ နဲ့ ၂’ X ၄’ အပြားတွေကို သုံးနိုင်ပါတယ်။ ဆိုင်းဘုတ်အသေးလုပ်မ​ယ်ဆိုရင် လိုအပ်သလို ဖြတ်သုံးနိုင်ပါတယ်။ အသုံးပြုမဲ့ အထပ်သား သို့မဟုတ် ပျဉ်ပြားဟာ ပါးလွန်းရင် ခုံးတာတို့၊ ကြွတက်တာတို့ ဖြစ်ပြီး ဘောင်တန်းမှာ မြဲဖို့ ခက်ပါတယ်။ သစ်သားတွေကို ဖြတ်တာ မလုပ်ချင်ရင် လိုချင်တဲ့ အရွယ်၊ ပုံစံ Blank Sign ကို အပြင်က ဝယ်လုပ်လို့ ရပါတယ်။

Wood Sign

Source : Pinterest

ဒုတိယအဆင့်က ဆိုင်းဘုတ်ပြား ဆေးသုတ်ခြင်း ဖြစ်ပါတယ်။ အဖြူရောင်က အသုံးများတဲ့ အရောင်ဖြစ်ပါတယ်။ ဒါပေမဲ့ ကွီးနှစ်သက်တဲ့ အရောင်ကို သုံးနိုင်ပါတယ်။

Wood sign

Photo : Crafts Cuts

နောက်တဆင့်ကတော့ ဆိုင်းဘုတ် အတွက် စာရေးခြင်းဖြစ်ပါတယ်။  စာရေးခြင်မှာ နည်းလမ်း (၄) ခု ရှိပါတယ်။  ကွီးတို့အတွက် အဆင်ပြေတဲ့နည်းကို သုံးနိုင်ပါတယ်။  အလွယ်ဆုံးနည်းကတော့ ပုံထွင်းထားတဲ့ ကတ္ထူပြား / ကော်ပြား Stencil သုံးပြီး စာရေးတဲ့နည်း ဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ လာတဲ့ ကတ္ထူပြား / ကော်ပြား Stencil ကို ရွေးချယ်သုံးနိုင်ပါတယ်။  ဒီနည်းမှာ စာလုံးတွေကို နှစ်သက်ရာ ဆေးအရောင်ကို  ဆီဆေး မတ်ကာဘောပင်နဲ့ ဆေးဖြည့်ကာ သစ်သားဆိုင်းဘုတ်မှာ ကပ်ရမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကွန်ပျူတာမှ စိတ်ကြိုက်ပုံဖော် ရိုက်ထုတ်ပြီး ဆိုင်းဘုတ်လုပ်နည်းဖြစ်ပါတယ်။ စာလုံးအရွယ်အစားကစလို့ စိတ်ကြိုက်ဒီဇိုင်းလုပ်လို့ ရပါတယ်။ ပရင့်အောက် လုပ်ပြီးရင် ခဲတံသုံး ပြောင်းတဲ့နည်း ဖြင့် DIY သစ်သား ဆိုင်းဘုတ်ကို လုပ်နိုင်ပါပြီ။

Vinyl Cutting Machine နည်း ၊ လက်ရေးဖြင့် ဒီဇိုင်းဆွဲတဲ့နည်းများကိုလည်း နှစ်သက်သလို သုံးပြီး ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကို ထုတ်နိုင်ပါတယ်။ နောက်ဆုံးအဆင့်ကတော့ လိုချင်တဲ့ ဒီဇိုင်းကို သစ်သားပေါ် ပြောင်းပြီးနောက် သစ်သားဘောင် တပ်ဖို့ ဖြစ်ပါတယ်။

Wood sign

Photo :

ဒါဆိုရင် ကွီးတို့ ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ DIY သစ်သား ဆိုင်းဘုတ် လေး များကို  ဖန်တီးနိုင်ပါပြီ။

Source : lovelyetc.

Featured Photo : Homebnc