မကြာခဏ နေပူထဲထွက်နေရလို့ အသားအရေညစ်နွမ်းပြီး နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးသွားတဲ့ ယောကျာ်းများအတွက် အသား အရေကို ပြန်လည်စိုပြေကြည်လင်နေစေမယ့် သဘာဝနည်းလမ်းကောင်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဆဲလ်သေတွေကို သဘာဝအတိုင်း ဖယ်ရှားပေးပြီး အသားအရေကို နဂိုအတိုင်း ပြန်လည်ကြည်လင်စေမှာဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးအတွက်လည်း စိတ်ပူစရာမလိုအပ်သလို ပိုက်ဆံအကုန်အကျ များမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။

ဘယ်လိုနည်းလမ်းတွေနဲ့ အသားအရေကို နဂိုအတိုင်းပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်နိုင်မလဲဆိုတော့ …

ကော်ဖီနဲ့ ချေးချွတ်ပါ

tips for men to do body scrub

ကော်ဖီအကြမ်းမှုန့် စားပွဲတင်ဇွန်း ၆ ဇွန်းခန့်ကို ရေနွေးပူ စားပွဲတင်ဇွန်း ၂ ဇွန်း၊ အပူပေးထားသော အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ပါဝင်ပစ္စည်းများကို သမအောင် ရောမွှေလိုက်ပါ။

ပြီးရင်တော့ ရရှိလာတဲ့အနှစ်များဖြင့် မျက်နှာနှင့် ခန္ဓာကိုယ်တစ်ကိုယ်လုံးတွင် သုတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ်ခန့်ကြာတဲ့အခါမှာတော့ ရေဖြင့် ဆေးချလိုက်လို့ရပါပြီ။ ကော်ဖီသည် ဆဲလ်သေများကို ဖယ်ရှားပေးတဲ့နေရာမှာ နာမည်ကြီးပြီး အုန်းဆီကတော့ အသားအရေကို အစိုဓာတ်ပြည့်ဝလာအောင် နူးညံ့စိုပြေလာအောင် ကူညီပေးပါတယ်။

မုန့်ဖုတ်ဆိုဒါနှင့် သံပုယိုရည်

tips for men to do body scrub

အရင်ဦးဆုံး သံပုယိုသီးကို ထက်ခြမ်းခြမ်းပြီးနောက် အရည်ညှစ်လိုက်ပါ။ ထို့နောက် သံပုယိုရည်နှင့် မုန့်ဖုတ်ဆိုဒါတို့ကို သမအောင် ရောနှောကာ အနှစ်များရလာအောင် ပြုလုပ်ပါ။ ထို့နောက် အသားအရေပေါ်သို့ စက်ဝိုင်းပုံသဏ္ဍာန် ပွတ်ဆွဲပေးလိုက်ပါ။ ၂ မိနစ်ခန့်ကြာတဲ့နောက်မှာတော့ ရေနွေးနွေးဖြင့် ဆေးချလိုက်ပါ။ ဒီနည်းလမ်းကတော့ အသားအရေကို ပြန်လည်တောက်ပြောင်လာအောင် ကူညီပေးနိုင်ပါတယ်။

သကြားအသုံးပြုပါ

tips for men to do body scrub

Photo Source: Savynaturalista.com

သကြား စားပွဲတင်ဇွန်း ၄ ဇွန်းကို လိမ္မော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ရရှိလာတဲ့အနှစ်ဖြင့် မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ သုတ်လိမ်းပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာအောင် စောင့်ပါ။ ပြီးမှ ရေဖြင့် ဆေးချလိုက်ပါ။

ပိုလျှံနေတဲ့သကြားအရောအနှောများကို ဖန်ပုလင်းထဲ အလုံပိတ်ကာ သိမ်းထားပြီး နောက်တစ်ကြိမ်ကျ ထပ်မံအသုံးပြုနိုင်ပါသေးတယ်။ ဒါမှမဟုတ် သကြား၊ လိမ္မော်ရည်၊ အုန်းဆီ၊ ပျားရည်တို့ကို ပမာဏ နှစ်ဆ၊ သုံးဆခန့် ထပ်တိုးကာ တစ်ခါတည်း ဖော်စပ်ထားနိုင်ပြီး နောက်မှ ပြန်လည်အသုံးပြုနိုင်ပါတယ်။

Source: Lighterskin.shop

Featured Image Source: Vitaman.com