မျိုးရိုးဗီဇကြောင့် မွေးရာပါဆံပင်ပါးသူများရှိသလို အသက်အရွယ်ရလာလို့ တဖြည်းဖြည်းဆံပင်ကျွတ်ကာ ပါးသွားသူများလည်း ရှိပါတယ်။ ဒီနည်းလမ်းကတော့ ဆံပင်အုံပါးလို့ စိတ်ညစ်နေကြတဲ့ ယောကျာ်းများအတွက် သဘာဝအတိုင်း သိသိသာသာဆံပင်အုံထူလာစေမယ့် နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

အုန်းနို့အသုံးပြုပါ

tips for men with thin hair

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းကို အုန်းနို့ စားပွဲတင်ဇွန်း ၈ ဇွန်းနဲ့ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဦးရေပြားနဲ့ ဆံကေသာပေါ်သို့ သမအောင် လိမ်းကျံကာ ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ ထို့နောက် ဆံကေသာကို Shower Cap လေးနဲ့ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် အုပ်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ လျှော်နေကျခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးလိုက်လို့ရပါပြီ။

ထောပတ်သီးနဲ့ ကြက်ဥအသုံးပြုပါ

tips for men with thin hair

ထောပတ်သီးမှည့် တစ်လုံးကို ခက်ရင်းဖြင့် ချေမွလိုက်ပါ။ ထို့နောက် ကြက်ဥ ၂ လုံးနှင့် သမအောင် ရောမွှေလိုက်ပါ။ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

ထို့နောက် ဆံပင်ကို အရင်းကနေ အဖျားအထိ သုတ်လိမ်းလိုက်ပါ။ ဦးရေပြားကို နှိပ်နယ်ပြီးနောက်မှာတော့ ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် နှပ်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ရင်တော့ ခေါင်းလျှော်ချလိုက်ပါ။

လက်ဖက်စိမ်းနှင့် ပန်းသီးရှာလကာရည်

tips for men with thin hair

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၄ ဇွန်းကို အအေးခံထားပြီးသား Green Tea ဖျော်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်းနှင့် သမအောင် ရောမွှေလိုက်ပါ။ ထိုအရည်အရောအနှောကို အသင့်ပြင်ထားပါ။

ခေါင်းလျှော်ပြီးတဲ့နောက်မှာတော့ ထိုအရောအနှောကို Conditioner အဖြစ် အသုံးပြုလို့ရပါပြီ။ ရေ ထပ်လောင်းချစရာမလိုပါဘူး။

အထက်ဖော်ပြပါနည်းလမ်းများထဲမှာ ကြိုက်နှစ်သက်ရာတစ်ခုခုကို ရွေးချယ်ကာ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

Source: Hairclub.com

Featured Image Source: Thevalueplace.com