နေလောင်ဒဏ်၊ အညစ်အကြေးနှင့် ဖုန်မှုန့်များကြောင့် အသားအရေ ကြမ်းတမ်းပျက်စီးကာ စိတ်ညစ်နေတဲ့ ယောကျာ်းများအတွက် နည်းလမ်းကောင်းတစ်ခုပေးချင်ပါတယ်။ ထိုနည်းလမ်းကောင်းလေးက ဈေးလည်း မကြီးတဲ့အပြင် အသားအရေကို နူးညံ့စိုပြေစေပါတယ်။ သဘာဝနည်းလမ်းလေးဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးလည်း (လုံးဝ) မရှိပါဘူး။
ထိုနည်းလမ်းလေးကတော့ ခရမ်းချဉ်သီးနှင့် ပေါင်းတင်ခြင်းပဲဖြစ်ပါတယ်။ ခရမ်းချဉ်သီးနဲ့ ပေါင်းတင်ပေးတဲ့အခါ နေလောင်ဒဏ်နှင့် ဖုန်မှုန့်ကြောင့် ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ပြုပြင်ပေးပြီး အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဆဲလ်သေများကို ဖယ်ရှားပေးတာကြောင့် အမဲစက်များ သက်သာပျောက်ကင်းသွားပြီး အသားအရေ ကြည်လင်စိုပြေလာပါလိမ့်မယ်။
ခရမ်းချဉ်သီးနှင့် သံပုယိုရည်
ခရမ်းချဉ်သီးတစ်လုံးကို ခက်ရင်းဖြင့် ချေမွလိုက်ပြီးနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်သာ ယူလိုက်ပါ။ ထို့နောက် သံပုယိုရည် ၄ စက်ခန့် ရောနှောလိုက်ပါ။ ရရှိလာတဲ့အရောအနှောကို အသားအရေပျက်စီးနေတဲ့ နေရာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၂ မိနစ်ခန့်ကြာမှ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။
တစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပေါင်းတင်နိုင်ပါတယ်။ မျက်နှာသစ်ပြီးသွားတဲ့အခါမှာလည်း Moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့။
ခရမ်းချဉ်သီးနှင့် ပျားရည်
ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ပြည့်မှ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
ခရမ်းချဉ်သီးနှင့် ဒိန်ချဉ်

ခရမ်းချဉ်သီး တစ်ခြမ်းကို ခက်ရင်းဖြင့် ချေမွလိုက်ပါ။ ထို့နောက် အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းတို့နှင့် သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ ၁၅ မိနစ်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပေါင်းတင်ပေးနိုင်ပါတယ်။
ခရမ်းချဉ်သီးနှင့် သကြား

Photo Source: Projectvanity.com
သကြား စားပွဲတင်ဇွန်း ၁ ဇွန်းကို ခရမ်းချဉ်သီးအရည် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ ၁၀ မိနစ်ခန့်ကြာမှ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်ပါ။ မျက်နှာခြောက်သွားတဲ့အခါမြှတော့ Moisturizer လေး လိမ်းကျံပေးလိုက်ပါ။ ဒီပေါင်းတင်နည်းကိုတော့ ၃၊ ၄ ရက်ကြာလျှင် တစ်ကြိမ် ပေါင်းတင်နိုင်ပါတယ်။
Source: Stylecraze.com
Featured Image Source: Georgetowner.com


