အားလပ်ချိန်လေးမှာ လွယ်ကူရိုးရှင်းတဲ့ DIY လေးတွေ ဖန်တီး ချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ တီဗွီ ထောက်တိုင် ပြုလုပ်နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဒီပြုလုပ်နည်းလေးတွေက လွယ်ကူ ရိုးရှင်းတဲ့အတွက်ကြောင့် ကွီးတို့ အိမ်မှာပဲ အားလပ်ချိန်တွေမှာ အလွယ်လေး ပြုလုပ်နိုင်ပါတယ်။
(၁) အရိုးရှင်းဆုံး တီဗွီ စတန်း ဒီဇိုင်း
ကွီးတို့ရဲ့ တီဗွီ အရွယ်အစားပေါ် မူတည်ပြီး တီဗွီ စတန်းလေးကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အရင်ဦးဆုံး ထောက်တိုင် ဖရိန်ကို အရင်ဦးဆုံး ပြုလုပ်ရပါမယ်။
ဖရိန်အတွက် လေးဖက်လေးတန် အရင်ဆောက်ပြီးနောက် အောက်ဆုံး အောက်ခံပြားကို ရိုက်ပေးလိုက်ပါ။
ထို့နောက် ကြားဆင့်လေးတွေကို ဖြည့်ရိုက်ပေးလိုက်ပါ။
ပြီးတဲ့အခါမှာတော့ အပေါ်ဆုံး အပြားကို ရိုက်ပေးနိုင်ပါပြီ။
အရောင်ကတော့ ကွီးတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်ကာ ဆေးသုတ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ ကြိုက်နှစ်သက်တဲ့ တီဗွီ စတန်းတစ်ခု ရရှိသွားပြီပဲဖြစ်ပါတယ်။
(၂) သစ်သားအဟောင်းတွေကို ဒီလို ပြန်သုံးမယ်
ကွီးတို့အိမ်က သုံးပြီးသား သစ်သားအဟောင်းတွေကို မလွှင့်ပစ်လိုက်ပါနဲ့။ အခုလိုမျိုး သစ်သားပြား အဟောင်းတွေနဲ့ ကွီးတို့ရဲ့ ဧည့်ခန်းကို အလှဆင်နိုင်ပါတယ်။
သုံးလို့ ရသေးတဲ့ သစ်သားပြားအဟောင်းတွေကို အခုလိုမျိုး အလှပြန်ဆင်ပြီး ကွီးတို့ ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ပုံဖော်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ တီဗွီစတန်းက အလန်းစား၊ အမိုက်စား ဖြစ်သွားပါလိမ့်မယ်။ တီဗွီ ဘေးနားမှာ အပင်ငယ်လေးတွေ ထားပြီး အလှဆင်လို့လည်း ရသလို ဓာတ်ပုံဘောင်လေးတွေ တင်ထားပြီးတော့လည်း လှလှပပ အလှဆင်နိုင်ပါသေးတယ်။
(၃) အင်္ဂလိပ် အက္ခရာ X ပုံသဏ္ဍာန် တီဗွီ စတန်း
ဒီတီဗွီစတန်းလေးကတော့ တီဗွီပါ တင်ထားနိုင်ပြီး တီဗွီစင်ရဲ့ အောက်အဆင့်မှာတော့ ကွီးတို့ ကြိုက်နှစ်သက်ရာ ပစ္စည်းလေးတွေ ထည့်ထားနိုင်ပါတယ်။ ပြုလုပ်ဖို့အတွက်တော့ ခက်ခက်ခဲခဲ အဆင့်တွေ မလိုအပ်ပါဘူး။ ကွီးတို့ ကြိုက်နှစ်သက်ရာ သစ်သားအမျိုးအစားကို ရွေးချယ်ဖို့ လိုအပ်ပါမယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်ထည်တောင့်တဲ့ သစ်သားပြားများကို ရွေးချယ်လိုက်ပါ။ တီဗွီ စတန်းရဲ့ အရောင်ကိုတော့ အဖြူရောင်လေးကို ရွေးချယ်နိုင်ပါတယ်။ အဖြူရောင်က ကွီးတို့ ဧည့်ခန်းအရောင်နဲ့ အလိုက်ဖက်ဆုံး အရောင်ပဲဖြစ်ပါတယ်။
ကွီးတို့ ဧည့်ခန်းမှာရော ဘယ်တီဗွီစင်ကို အသုံးပြုထားပါသလဲ။ အခုဖော်ပြသွားတဲ့ ဒီဇိုင်းလေးတွေကိုရော စမ်းမလုပ်ကြည့်ချင်ဘူးလား။ အားလပ်ချိန်လေးမှာ လွယ်ကူရိုးရှင်းတဲ့ DIY လေးတွေ ဖန်တီး ချင်တဲ့ ကွီးတို့အတွက် ဒီတီဗွီ ထောက်တိုင် ပြုလုပ်နည်းလေးတွေက အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Source : Architectureartdesigns
Featured Photo : Pinterest