Where Are You Now ? (Faded) ဆိုတဲ့ သီချင်းနဲ့ နာမည်ကြီးလာသူကတော့ အခြားသူမဟုတ်ပါဘူး။ ကမ္ဘာကျော် DJ သမားတစ်ယောက်ဖြစ်တဲ့ Alan Walker ပဲဖြစ်ပါတယ်။ ထို Faded သီချင်းသည် နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် နံပါတ် (၁) နေရာချိတ်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ထိုသီချင်းသည် ၂၀၁၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး ယနေ့ထိတိုင် လူကြိုက်များနေဆဲဖြစ်ပါတယ်။

ကမ္ဘာကျော် DJ သများတစ်ယောက် Alan Walker ဆိုပြီး လူသိများလာအောင် သူ့ကို ဘယ်အရာတွေက တွန်းအားဖြစ်စေခဲ့တာလဲ။ သူ့သီချင်းတွေကို ဖန်တီးတဲ့အခါ ဘယ်လိုစိတ်ကူးစိတ်သန်းတွေနဲ့ ဖန်တီးလေ့ရှိသလဲဆိုတာကို ကမ္ဘာကျော် DJ Alan Walker ရဲ့ ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ရပါတယ်။

သူသည် သီချင်းစ ဖန်တီးတုန်းက ၁၈ နှစ်သာ ရှိသေးတာပါ

Alan Walker သည် ၁၉၉၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။ သူသည် Faded သီချင်းကို ပြုလုပ်ထုတ်ဝေစဉ်က အသက် ၁၈ နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်တစ်ယောက် ဖြစ်ပါတယ်။

ဇာတ်ဝင်တေးသီချင်းများ ရေးစပ်ဖန်တီးရတာကို နှစ်သက်တယ်

DJ Alan Walker

သူသည် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားများကို ကြည့်ရှုရတာ နှစ်သက်သူဖြစ်ပြီး ဇာတ်ကားထုတ်ဝေသူများ၊ ဒါရိုက်တာများက ဇာတ်ဝင်တေးသီချင်းများ ရေးဖို့ ကမ်းလှမ်းလာတဲ့အခါမှာလည်း လက်တွဲအလုပ်လုပ်လေ့ရှိပါတယ်။ ဒါ့အပြင် သူ့ရဲ့ သီချင်းတော်တော်များများသည်လည်း ဇာတ်လမ်းတစ်ပုဒ်လို ဖန်တီးရေးသားထားတာကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။

သူသည် ကပြားတစ်ယောက်ဖြစ်ပါတယ်

သူ့အမေသည် နော်ဝေးလူမျိုးဖြစ်ပြီး အဖေကတော့ အင်္ဂလိပ်လူမျိုးဖြစ်ပါတယ်။ သူကတော့ Northampton မြို့၊ အင်္ဂလန်တွင် ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ သို့သော် သူ့အသက် (၂) နှစ်ရွယ်မှာတော့ Bergen မြို့ ၊ နော်ဝေးသို့ ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။

Alan Walker ဆိုတာ သူ့ရဲ့ နာမည်အရင်းပါ

AW logo

Photo: Pinterest

သူ့ရဲ့သီချင်းတွေမှာ အင်္ဂလိပ် အက္ခရာ A နှင့် W ကို အပေါ်အောက် ထပ်ထားတဲ့ လိုဂိုအမှတ်အသားလေးကို တွေ့မြင်ရပါလိမ့်မယ်။ ဒါသည် သူ့ရဲ့နာမည် Alan Walker ဆိုတဲ့ A နှင့် W ကု ယူထားတာဖြစ်ပါတယ်။ သူသည် စစတုန်းကတော့ သူ့ရဲ့ အနုပညာနာမည်ကို DJ Walkzz ဆိုပြီး အမည်ပေးခဲ့တာပါ။ သို့သော် လူအတော်များများက သူ့ရဲ့ နာမည်အရင်းက သူနဲ့ ပိုလိုက်တယ်လို့ ပြောတဲ့အတွက်ကြောင့် ၂၀၁၃ ခုနှစ်မှာ AW လိုဂိုကို စတင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။ သူသည် Graphic Design ပိုင်းကိုလည်း စိတ်ဝင်စားသူတစ်ယောက်ဖြစ်တဲ့အားလျော်စွာ ထိုလိုဂိုကို သူကိုယ်တိုင် ရေးဆွဲခဲ့တာဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် ကျေနပ်လျက်ရှိပါတယ်။

သူသည် ဂေ့ါဖ်ရိုက်ရတာကို နှစ်သက်သူတစ်ယောက်ပါ

သူ့ရဲ့ဝါသနာက သီချင်းဖန်တီးခြင်းအပြင် ဘာရှိနိုင်သေးလဲလို့ အမေးခံရတဲ့အခါ သူက ဂေ့ါဖ်ရိုက်ခြင်းလို့ ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် သူသည် လေယာဉ်အကြာကြီး စီးရတဲ့အခါမျိုးမှာ မှတ်တမ်းရုပ်ရှင်တွေကို ကြည့်ရတာ ကြိုက်နှစ်သက်တယ်လို့ ဖြေကြားခဲ့ပါတယ်။

သင်ရော ကမ္ဘာကျော် DJ သမားတစ်ယောက်ဖြစ်တဲ့ Alan Walker ကို ကြိုက်နှစ်သက်ပါသလား။ သူ့ရဲ့ သီချင်းတွေကို အကြိမ်ရေဘယ်လောက်များများ နားထောင်ဖြစ်ပါသလဲ။

Source: Myspace

Featured Image: Wallpapersmug