သင်က ဘာလို့ပျော်ရွှင်မှုနဲ့ ထိုက်တန်တာလဲဆိုရင် ရှင်သန်နေလို့ပါပဲ။ အသက်ရှင်နေတဲ့သူတိုင်း ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်။ ပျော်ရွှင်မှုဆိုတာ လူသားတယောက်အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်ကကောင်းတဲ့အရာတွေ ကိုမြင်နိုင်ဖို့ အသုံးပြုရမယ့် လက်နက်တခုပါ။ တကယ်လို့သင့်အနေနဲ့ ပျော်ရွှင်ဆိုတာသင်နဲ့မထိုက်တန်သေးဘူး လို့ယူဆမိနေတယ်ဆိုရင် အောက်ကအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။
(၁) ပျော်ရွှင်မှုကို ကိုယ်ပိုင်သတ်မှတ်ချက်အနေနဲ့ ထားပါ
Source : Shutterstock
ပျော်ရွှင်မှုက သင့်အတွက်အရေးကြီးတယ်လို့ခံယူထားရင် သင့်အတွက်ပျော်ရွှင်မှုကဘယ်လိုအရာလဲဆိုတာကို သတ်မှတ်ထားပါ။ ပျော်ရွှင်မှုနဲ့ပတ်သတ်တဲ့ သင့်ကိုယ်ပိုင်သတ်မှတ်ချက်က ဘာကြောင့်ပျော်ရွှင်မှုနဲ့မထိုက်တန် ဘူးလို့ခံစားနေရတာလဲဆိုတာကို နားလည်အောင်ကူညီပေးပါလိမ့်မယ်။ ဥပမာ သင့်ရဲ့ပျော်ရွှင်မှုက သင်ချစ်ရတဲ့လူတွေအားလုံးနဲ့ ဆိုင်တယ်ဆိုရင် ဆက်ဆံရေးမှာ အမှားအယွင်းတခုခုရှိတာနဲ့ သင်မပျော်ဘူးလို့ခံစားရမှာပါ။ ဒါကို သင်နားလည်လာရင် သင့်အနေနဲ့အားလုံးရဲ့ ဆက်ဆံရေးတွေမှာ အဆင်ပြေအောင်လုပ်ဆောင်မှာ ဖြစ်ပါ တယ်။
(၂) ပြန်ပြင်ဆင်ဖို့ မကြောက်ပါနဲ့
Source : Shutterstock
တကယ်လို့ သင်လုပ်ခဲ့တဲ့တစုံတခုနဲ့ပတ်သတ်ပြီး အမြဲတမ်းအပြစ်ရှိတယ်လို့ခံစားရတဲ့အခါ ပြန်ပြင်ဆင်ဖို့ မကြောက်ပါနဲ့။ သင်အမြဲတမ်းပြောချင်နေခဲ့တဲ့ စကားလုံးတွေကို လူကိုယ်တိုင်ဖြစ်စေ၊ စာနဲ့ဖြစ်စေဖွင့်ထုတ်ပါ။ ဒါမှမဟုတ် သင်ကိုယ်တိုင်မပြောချင်ဘူးဆိုရင် ဒီတိုင်းပါးစပ်က အသံထွက်ပြီးပြောတာ စာရွက်တရွက်ပေါ်ချရေး လိုက်တာတွေလုပ်လို့ရပါတယ်။ အနည်းဆုံးတော့ သင့်စိတ်ထဲမှာလွန်ဆွဲနေတဲ့ အခြေအနေတွေကနေသက်သာ စေပြီး ရှေ့ဆက်လျှောက်ဖို့ခွန်အားရစေနိုင်ပါတယ်။
(၃) ကိုယ့်ကိုယ်ကို ဝေဖန်နေတာတွေကနေ ရပ်လိုက်ပါ
Source : Shutterstock
No one is perfect ဆိုတဲ့အတိုင်း ဘယ်သူမှပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ သင်ကိုယ်တိုင်ပြည့်စုံတဲ့လူ တယောက်ဖြစ်ဖို့မျှော်လင့်တာဟာ သင့်ရဲ့ပျော်ရွှင်မှုအခွင့်အလမ်းတွေကို ပိတ်ဆီးထားတာနဲ့အတူတူပါပဲ။ လုပ်မိ ခဲ့တဲ့အမှားတွေ၊ အပြစ်အနာအဆာတွေအတွက် ကိုယ့်ကိုယ်ကိုဝေဖန်နေမယ့်အစား ကိုယ့်ရဲ့အစိတ်အပိုင်း တစ်ခု အနေနဲ့ မှတ်ယူတာက အကောင်းဆုံးပါ။ ဒါက ပျော်ရွှင်မှုကိုစတင်လိုက်တဲ့ လမ်းကြောင်းအစပါပဲ။
(၄) သင့်ကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်မှုတွေကိုလက်ခံပါ
Source : Shutterstock
လူတိုင်းက မှားယွင်းနေတဲ့ဆုံးဖြတ်ချက်တွေကိုလုပ်ဖူးမှာပါ။ ဒါပေမယ့် အမှားတွေရဲ့နောက်ကွယ်မှာ မထင်မှတ်တဲ့အကျိုးရလဒ်တွေရှိနေတတ်ပါတယ်။ လူတွေဆုံးဖြတ်ချက်ချတဲ့အခါ အဲ့ဒီအချိန်က ဘာအကောင်းဆုံးဖြစ်မလဲဆိုတာတွေးပြီး ဆုံးဖြတ်ချက်ချကြတာဖြစ်တဲ့အတွက် အကယ်၍ မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ရင်တောင် သင့်အတွက်အကောင်းဆုံးသင်ခန်းစာတွေ ရနိုင်ပါတယ်။ ဒါ့ကြောင့် နောင်တနဲ့အချိန်မဖြုန်းဘဲ လုပ်စရာရှိတာဆက်လုပ်ရင်း ပျော်ရွှင်မှုကိုခံစားလိုက်ပါ။