အရာရာအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ရှိနေခြင်းသည် လူကြီးလူကောင်းပီသတဲ့ ယောကျာ်းများအတွက် ဆွဲဆောင်မှုကို လျော့ကျစေတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ မိမိပြုလုပ်မိတဲ့အမှားကြောင့် တောင်းပန်ခြင်းသည် ကောင်းမွန်တဲ့အလေ့အထတစ်ခုပါ။ ဒါပေမဲ့ အရာရာတိုင်းအတွက် အမြဲတမ်းတောင်းပန်နေဖို့ မလိုအပ်ပါဘူး။

ဒီလိုမျိုး အရာရာတိုင်းအတွက် အမြဲတမ်းတောင်းပန်ခြင်းက သင့်ရဲ့တန်ဖိုးကို လျော့ကျစေပြီး သင်သည် အားနည်းတဲ့လူတစ်ယောက်ပါလားလို့ အထင်ခံရစေပါတယ်။ ဒါ့ကြောင့် အခုဖော်ပြပေးမယ့်အရာတွေနဲ့ ပတ်သက်လာရင် (လုံးဝ) တောင်းပန်စရာမလိုအပ်ပါဘူး။

မိမိနဲ့ အမြင်နဲ့ ပတ်သက်ပြီး

Do Not Apologize for these Reasons if You Want to Have a Happy Lifestyle

လူတိုင်းမှာ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင် ခံယူချက်အသီးသီး ရှိကြပါတယ်။ သင့်ရဲ့ကိုယ်ပိုင်အမြင်ကို ဖော်ထုတ်တဲ့အခါ တပါးသူကို မထိခိုက်ဘဲ ယဉ်ယဉ်ကျေးကျေး ထုတ်ဖော်ပြောဆိုနေသ၍ တောင်းပန်စရာမလိုအပ်ပါဘူး။

ကိုယ် ကြီးပြင်းလာတဲ့နေရာဒေသနဲ့ ပတ်သက်ပြီး

Do Not Apologize for these Reasons if You Want to Have a Happy Lifestyle

သင့်ရဲ့မိဘကို သင် ကိုယ်တိုင်ရွေးချယ်လို့မရသလို မိမိ မွေးဖွားရာနေရာဒေသကိုလည်း ရွေးချယ်လို့မရပါဘူး။ ကိုယ့်အသားအရေကို ဖြူခြင်း၊ ညိုခြင်းကိုလည်း ပြောင်းလဲလို့မရသလို ကိုယ့်ရဲ့စိတ်နေစိတ်ထားကိုလည်း ပြောင်းလဲလို့မရပါဘူး။ ထိုအရာတွေအတွက် တောင်းပန်စရာမလိုအပ်ပါဘူး။

အမှန်တရား ပြောဆိုခြင်းကြောင့်

Do Not Apologize for these Reasons if You Want to Have a Happy Lifestyle

ဒီနေရာမှာတော့ အဓိပ္ပာယ်ကောက် လွဲမသွားစေချင်ပါဘူး။ သင့်ရဲ့ကောင်မလေး သင့်ရဲ့အိမ်သူသက်ထားက ဒီဝတ်စုံလေးနဲ့ လှလားလို့မေးရင် ဘယ်လိုပြန်ဖြေရမလဲဆိုတာကို သင် သိပြီးသားဖြစ်ပါလိမ့်မယ်။

ဒီနေရာမှာ ပြောချင်တဲ့အမှန်တရားသည် သင့်ရဲ့ကိုယ်ကျင့်တရားနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့အမှန်တရားမျိုးပါ။ တခါတရံမှာ အမှန်တရားက ခါးသီးနိုင်ပါတယ်။ ဒါပေမဲ့ ထိုအမှန်တရားကို ကွယ်ဝှက်ပြီးတော့ လိမ်ညာပြောဆိုလိုက်မယ်ဆိုရင် သင်ပဲ စိတ်ဆင်းရဲနေရမှာပါ။

ကိုယ် ချစ်တဲ့သူနဲ့ ပတ်သက်ပြီး

Do Not Apologize for these Reasons if You Want to Have a Happy Lifestyle

သင့်ချစ်သူကောင်မလေးနဲ့ သင့်ကို အိမ်က သဘောမတူတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သင်က လိင်တူချင်း ကြိုက်နှစ်သက်သူပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ သင့် နှလုံးသား စေညွှန်တဲ့အတိုင်း သင် ပျော်ရွှင်ဖို့အတွက်သာ ပြုလုပ်ပါ။ သင့်ဘဝကို သင် ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ ဒါပေမဲ့ ကိုယ့်ဆုံးဖြတ်ချက်ကိုတော့ တာဝန်ယူရဲတဲ့ သတ္တိရှိရပါတယ်။

မိမိကိုယ်ကို ဂရုစိုက်ခြင်းကြောင့်

Do Not Apologize for these Reasons if You Want to Have a Happy Lifestyle

သင် ကိုယ်တိုင် ပျော်ရွှင်မှသာ အခြားသူတွေကိုလည်း ပျော်ရွှင်အောင် ကူညီပေးနိုင်မှာပါ။ သင် ကိုယ်တိုင် ကျန်းမာနေမှသာ သင် ချစ်ရတဲ့သူတွေကို ကျန်းမာအောင် ဂရုစိုက်နိုင်မှာပါ။ ဒါ့ကြောင့် မိမိကိုယ်ကို ဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ နားချိန်တန် နားပါ။ အချိန်မှန်မှန် အစား စားပါ။ အိပ်ရေး ဝဝ အိပ်စက်ပါ။

မိမိရဲ့စိတ်ခံစားချက်ကြောင့်

Do Not Apologize for these Reasons if You Want to Have a Happy Lifestyle

အမျိုးသားတွေသည်လည်း အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတဲ့ လူသားတွေပါ။ သူတို့မှာလည်း ဝမ်းနည်းလို့ ငိုချချင်တဲ့အချိန်တွေလည်း ရှိတတ်ပါတယ်။ ဝမ်းနည်းစရာများ၊ ဒေါသထွက်စရာများကို မိမိရဲ့စိတ်ထဲမှာပဲ သိုလှောင်ထားခြင်းသည် ချိန်ကိုက်ဗုံးတစ်လုံးနဲ့ တူပါတယ်။ အချိန်မရွေး ပေါက်ကွဲသွားနိုင်ပြီး ထိုကဲ့သို့ ပေါက်ကွဲသွားတဲ့အခါ သင် ကိုယ်တိုင်ရော သင် ချစ်ရတဲ့လူတွေကပါ ထိခိုက်ခံစားရပါလိမ့်မယ်။ စိတ်ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒါ့ကြောင့် ပျော်ရွှင်စရာရှိရင် ပြုံးရယ်လိုက်ပါ။ ဝမ်းနည်းစရာရှိရင်လည်း ငိုကြွေးဖို့ ဝန်မလေးပါနဲ့။

Source: Realmenrealstyle.com