နေ့တစ်နေ့ရဲ့အစကို ကောင်းမွန်တဲ့လုပ်ရိုးလုပ်စဉ် အလေ့အထလေးတွေနဲ့ စတင်သင့်ပါတယ်။ မနက်ခင်းမှာ အဆင်ပြေချောမွေ့မှုတွေ မရှိရင် တနေ့တာလုံးလဲ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စမတ်ကျတဲ့ ယောကျာ်းလေးတွေအနေနဲ့ အခုပြောပြမယ့် တစ်နေ့တာ လုပ်ရိုးလုပ်စဉ်တွေကိုလုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်။
(၁) ရည်ရွယ်ချက်ရှိရှိ အိပ်ရာထပါ

Source:Freepik
လူတိုင်းလူတိုင်းက သူတို့ရဲ့မနက်ခင်းတိုင်းကို တက်ကြွလန်းဆန်းစွာ နိုးထလာဖို့အကြောင်းပြချက်တွေ လိုအပ်ပါတယ်။ ဥပမာ ပြောရရင် အားကစားကို ဘယ်ချိန်လုပ်မယ်။ ဘယ်ချိန်လမ်းလျှောက်ထွက်မယ် ။ အလုပ်မသွားခင်လိုအပ်တာတွေကို သေချာစစ်ဆေးပြီး သူ့အချိန်နဲ့သူ သေသေချာချာစီစဉ်ထားဖို့ လိုအပ်ပါတယ်။
(၂) တစ်နေ့တာကို အားကစားနဲ့ စတင်ပါ

Source:Freepik
မနက်တိုင်းအားကစားလုပ်တဲ့ အမျိုးသားတွေဟာ ခန္ဓာကိုယ်ကြွက်သားသန်မာစေရုံသာမက သွေးလည်ပတ်မှုလဲကောင်းစေတယ်။ အဲ့ဒီအပြင်တနေ့တာလုံး လန်းဆန်းတက်ကြွပြီးနေရထိုင်ရ အဆင်ပြေစေပါတယ်။
(၃) တစ်နေ့တာကို အချိန်ဇယားဆွဲပါ

Source:Freepik
ဘယ်ချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ တနေ့တာလုပ်ငန်းတွေကိုအချိန်ဇယားဆွဲရတာ တော်တော်ခက်ခဲပါတယ်။ ဒါပေမယ့် ဒီလိုအချိန်ဇယားဆွဲခြင်းအားဖြင့်လဲ ဘယ်ချိန်အလုပ်လုပ်မယ် ဘယ်ချိန်နားမယ် စတာတွေကို အချိန်မှီပြီးဆုံးစေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဘဲဖြစ်ပါတယ်။
(၄) မှန်ကန်တဲ့စားသောက်မှုပုံစံရှိပါစေ

Source:Freepik
မှန်ကန်သော စာသောက်မှုပုံစံကလဲ လူတယောက်ရဲ့ တနေ့တာ အဆင်ပြေမှု မပြောမှုနဲ့အများကြီး သက်ဆိုင်ပါတယ်။ ဥပမာပြောရရင် ကျွန်တော် မနက်တိုင်း ရေတခွက်သောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်တွက် ရေဓာတ်လဲဖြည့်ပေးသလို ကျွန်တော်တို့ အပေါ့အပါးသွားတဲ့ခါလဲ အဆင်ပြေစေတာမျိုးပေါ့။ အဲ့လိုဘဲ အားကစားလုပ်မယ်ဆိုပါစို့။ လိုအပ်တဲ့ အာဟာရကို ပမာဏ ညီမျှစွာ စားထားမှသာလျှင် အဆင်ပြေပြေလုပ်နိုင်မှာဘဲဖြစ်ပါတယ်။
 
											
				 
									 
	 
	 
	 
	 
	 
	