အားလုံးပဲ မင်္ဂလာပါ။ ကွီးတို့ရေ…ရည်းစားစစဖြစ်ချိန်မှာတော့ ဘာပြဿနာမှမရှိဘဲ အင်မတန်ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေပဲဖြစ်နေပြီး အချိန်ကြာတဲ့အခါမှာတော့ လုံးဝကိုပြောင်းလဲသွားပြီလား။

သူများတွေလိုပဲ ကိုယ်လည်းကိုယ့်ချစ်သူလေးနဲ့ ရေရှည်လက်တွဲသွားချင်တယ်၊ ဘာစိတ်ညစ်စရာ၊ စကားများစရာတွေမရှိချင်ဘူးဆိုရင်တော့ အခုပြောပြသွားမယ့် အချက်လေးတွေကို သေချာမှတ်ထားပြီး လုပ်ဆောင်ကြည့်လိုက်ပါ။

၁။ ကိုယ့်ရဲ့အချစ်ကို မတူညီတဲ့နည်းလမ်းအစုံနဲ့ ဖော်ကျူးပါ။

လူသားဆိုတဲ့ အမျိုးအနွယ်ဟာ အချစ်ခံရတာထက် တန်ဖိုးမြတ်နိုးထားခံရတာကို ပိုပြီးနှစ်သက်ကြပါတယ်။ ဒါကြောင့် စကားနဲ့ဖြစ်စေ၊ အမူအရာနဲ့ဖြစ်စေ ကိုယ်သူ့ကိုဘယ်လောက်ချစ်သလဲဆိုတာကို ပြသပါ။

၂။ ချီးမွမ်းစကားလေးတွေပြောပေးပါ။

Romance လို စိတ်ကူးယဉ်ဆန်တဲ့အခြေအနေတွေက ခဏတာသာ အသုံးဝင်မှာပါ။ ကိုယ့်ရဲ့ချစ်သူလေးနဲ့ ရေရှည်လက်တွဲသွားချင်တယ်ဆိုရင်တော့ ချီးမွမ်းစကားလေးတွေ ပြောပေးဖို့ကို လုံးဝမေ့ထားလို့မရပါဘူး။ ပြောတဲ့အခါမှာလည်း တာဝန်ဝတ္တရားအနေနဲ့ ပြောလိုက်ရတာမဟုတ်ဘဲ ကိုယ်တကယ်ထင်လို့၊ အမှန်အတိုင်းမြင်လို့ ပြောတာမျိုးပဲ ဖြစ်ပါစေ။

၃။ သူဘယ်လောက်အချစ်ခံရလဲဆိုတာ သိအောင်လုပ်ပါ။

ကိုယ့်ဘဝမှာ သူဟာအရေးကြီးဆုံးဖြစ်ပြီး အလွန်အရေးပါသူတစ်ယောက်ဆိုတာကို သူသိအောင်ပြသတာ၊ ပြောပြခြင်းဖြင့် နှစ်ဦးကြားက ယုံကြည်မှုကို တိုးပွားစေသလို ဆတိုးပွားတဲ့ အချစ်တွေနဲ့လည်း ချစ်နိုင်မှာဖြစ်ပါတယ်။

၎။ ကိုယ့်ချစ်သူအကြောင်းကို သူငယ်ချင်း၊ မိသားစုတွေကိုပြောပြပါ။

အခြားလူတွေအရှေ့မှာ သူနဲ့ပတ်သက်လို့ ချီးမွမ်းစကားပြောတာ၊ ကြွားလိုက်ခြင်းဟာ သူမကို ချီးမွမ်းစကားပြောတာထက်ကို ပိုပြီးစိတ်ကျေနပ်မှုရစေနိုင်ပါတယ်။ ကိုယ်ကသူ့အပေါ်မှာ ဘယ်လောက်လေးနက်လဲဆိုတာကို အခြားသူတွေသိအောင် ပြသခြင်းဖြင့် နှစ်ဦးသားအချစ်ရေးကို ပိုပြီးခိုင်မာအောင်လုပ်ဆောင်နိုင်ပါတယ်။

Featured Image Source: askmen