ဒီနေ့ကတော့ အာလုံးစိတ်ဝင်စားမယ်ထင်တဲ့ အကြောင်းအရာလေးတွေကိုပြောပြမှာဘဲဖြစ်ပါတယ်။ အကယ်၍ နေ့တနေ့အစမှာ အဆင်ပြေ ချောမွေ့မှုတွေ မရှိရင် တစ်နေ့တာလုံးလဲ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စမတ်ကျတဲ့ ယောကျာ်းလေးတွေရဲ့ တစ်နေ့တာ လုပ်ရိုးလုပ်စဉ်တွေကို ဖော်ပြပေးသွားမှာဘဲ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ရှိရှိ အိပ်ရာထပါ

Source: Sleep Geek

လူတိုင်းလူတိုင်းက သူတို့ရဲ့မနက်ခင်းတိုင်းကို တက်ကြွလန်းဆန်းစွာ နိုးထလာဖို့အကြောင်းပြချက်တွေ လိုအပ်ပါတယ်။ ဥပမာ ပြောရရင် အားကစားကို ဘယ်ချိန်လုပ်မယ်။ ဘယ်ချိန်လမ်းလျှောက်ထွက်မယ် ။ အလုပ်မသွားခင်လိုအပ်တာတွေကို သေချာစစ်ဆေးပြီး သူ့အချိန်နဲ့သူ သေသေချာချာစီစဉ်ထားဖို့ လိုအပ်ပါတယ်။

မှန်ကန်သော စားသောက်မှုပုံစံ

Source: Medical News Today

မှန်ကန်သော စာသောက်မှုပုံစံကလဲ လူတယောက်ရဲ့ တနေ့တာ အဆင်ပြေမှု မပြောမှုနဲ့အများကြီး သက်ဆိုင်ပါတယ်။ ဥပမာပြောရရင် ကျွန်တော် မနက်တိုင်း ရေတခွက်သောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်တွက် ရေဓာတ်လဲဖြည့်ပေးသလို ကျွန်တော်တို့ အပေါ့အပါးသွားတဲ့ခါလဲ အဆင်ပြေစေတာမျိုးပေါ့။ အဲ့လိုဘဲ အားကစားလုပ်မယ်ဆိုပါစို့။ လိုအပ်တဲ့ အာဟာရကို ပမာဏ ညီမျှစွာ စားထားမှသာလျှင် အဆင်ပြေပြေလုပ်နိုင်မှာဘဲဖြစ်ပါတယ်။

တနေ့တာကို အားကစားနဲ့ စတင်ပါ

Source: Runner’s World

မနက်တိုင်းအားကစားလုပ်တဲ့ အမျိုးသားတွေဟာ ခန္ဓာကိုယ်ကြွက်သားသန်မာစေရုံသာမက သွေးလည်ပတ်မှုလဲကောင်းစေတယ်။ အဲ့ဒီအပြင်တနေ့တာလုံး လန်းဆန်းတက်ကြွပြီးနေရထိုင်ရ အဆင်ပြေစေပါတယ်။

တနေ့တာကို အချိန်ဇယားဆွဲပါ

Source: Rescue Time Blog

ဘယ်ချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ တနေ့တာလုပ်ငန်းတွေကိုအချိန်ဇယားဆွဲရတာ တော်တော်ခက်ခဲပါတယ်။ ဒါပေမယ့် ဒီလိုအချိန်ဇယားဆွဲခြင်းအားဖြင့်လဲ ဘယ်ချိန်အလုပ်လုပ်မယ် ဘယ်ချိန်နားမယ် စတာတွေကို အချိန်မှီပြီးဆုံးစေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဘဲဖြစ်ပါတယ်။