တက်တူးထိုးတာက လူတစ်ယောက်ကို ပိုပြီး ဆွဲဆောင်မှုရှိစေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အကောင်းဘက်က ဆွဲဆောင်နိုင်တာလား ၊ အဆိုးဘက်က ဆွဲဆောင်နိုင်တာလားကတော့ ထပ်ပြီး စိစစ်ရမယ့်ကိစ္စဖြစ်နေပါတယ်။ မိန်းကလေးတွေကရော တက်တူးထိုးတဲ့ အမျိုးသားတွေကို သဘောကျကြလား ၊ ဘယ်တက်တူးဒီဇိုင်းတွေကို အမျိုးသမီးတွေ နှစ်သက်ကြသလဲနဲ့ ဘယ်နေရာမှာ တက်တူးထိုးတာ ဆွဲဆောင်မှု ပိုရှိစေသလဲဆိုတဲ့ မေးခွန်းတွေကလည်း စိတ်ဝင်စားစရာပါ။

Man With Tattoos

Photo; psychologytoday

ပိုလန်နိုင်ငံ ဥပဓိရုပ် နဲ့ တစ်ဦးချင်းကွဲပြားမှုဆိုင်ရာ ဂျာနယ်တွေရဲ့ လေ့လာချက်အရ အမျိုးသမီးတွေဟာ တက်တူးထိုးမထားတဲ့ အမျိုးသားတွေကို သိပ်ပြီး ဆွဲဆောင်မှုမရှိဘူးလို့ ယူဆကြောင်း ဖော်ပြထားပါတယ်။ တက်တူးထိုးထားတဲ့ အမျိုးသားတွေဟာ ကျန်းမာရေးပိုကောင်းပြိး ယောင်္ကျားပီသမှုရှိသလို လွှမ်းမိုးနိုင်စွမ်းနဲ့ ဆတ်ဆတ်ထိမခံ ဇတ်ဇတ်ကြဲ အသွင်ကို ပေးတယ်လို့လည်း ဆိုပါတယ်။

တက်တူးထိုးထားတဲ့ ယောင်္ကျားတွေကို ပိုပြီး လေးစားခန့်ညားကြပေမယ့် အမျိုးသမီးတွေအဖို့ ယောင်္ကျားတစ်ယောက်ကိုယ်ပေါ်မှာ Sexy ဖြစ်တယ်လို့ ထင်တဲ့ တက်တူးထိုးမှ ဆွဲဆောင်မှု မြင့်တာလို့လည်း ဆိုပါတယ်။ တချို့ တက်တူးတွေက ဒီဇိုင်းလှပြီး ခန့်ညားပေမယ့် အမျိုးသမီးတွေစိတ်ထဲ ထူးခြားတဲ့ခံစားချက် မပေးနိုင်ပါဘူး။ တက်တူးတွေမှာ အဓိပ္ပါယ်ကိုယ်စီရှိသလို အမျိုးသမီးတွေအမြင်မှာလည်း အမျိုးသားတက်တူးတွေအပေါ် မတူတဲ့ ခံစားချက်တွေ ရှိပါတယ်။

man-tattoo-with-woman

Photo: mensjournal

ဆွဲဆောင်မှုရှိတဲ့ တက်တူးတွေထဲမှာ ကောက်ကြောင်းရှင်းရှင်း ၊ အနက်ဗြောင်လိုင်းတွေနဲ့ ဆွဲထားတဲ့ Minimalist တက်တူး ၊ နိုင်ငံခြားဘာသာစကားတစ်ခုခုကို ထိုးထားတဲ့ တက်တူး ၊ အင်အားကြီးတိရစ္ဆာန်တစ်ကောင်ပုံတက်တူး ၊ ငှက်ပုံတက်တူး ၊ ကျောက်ဆူးပုံ ၊ ဦးခေါင်းခွံပုံ ၊ ပန်းပွင့်ပုံ ၊ ဆက်ဆီကောင်မလေးပုံ ၊ ဓါးပုံ ၊ အသည်းပုံပေါ်မှာ Mom စာသားထိုးထားတဲ့ တက်တူးတို့က ထိပ်ဆုံးမှာ ရှိနေပါတယ်။

တက်တူးထိုးပြီး ဆွဲဆောင်အားကောင်းချင်ရင် တက်တူးကို လက်ဖျံ ၊ လက်မောင်းပြည့် ၊ ကျောကုန်း ၊ ခါးပတ်ပတ်လည် ၊ ရင်ဘတ် ၊ လက်ဆစ် ၊ လက်ကောက်ဝတ် ၊ ခြေသလုံးသား ၊ ခြေထောက် နဲ့ ဗိုက်နေရာတွေ ထိုးဖို့လည်း အကြံပေးကြပါတယ်။

Featured Photo: Inked Ritual