ယနေ့ခေတ်လူအများစုက အချိန်ကို လုပြီးအလုပ်လုပ်နေရတာကြောင့် အစားအစာကို ခပ်မြန်မြန်စားတဲ့အကျင့်တွေ ရှိလာကြတယ်။ ဒါပေမယ့် ဒီလိုအစာမြန်မြန်စားခြင်းက ကျန်းမာရေးဆိုးကျိုးတွေ ရှိနေတယ်ဆိုတာကို သတိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးမှာ အစာကိုမြန်မြန်စာခြင်းရဲ့ ဆိုးကျိုးတွေကို ပြောပြပေးသွားမှာပါ။

လိုအပ်တာထက်ပိုစားမိခြင်း

Source: Science ABC

အစာမြန်မြန်စားခြင်းက လိုအပ်တာထက်ပိုပြီး စားမိစေပါတယ်။ ဘာလို့လဲဆိုတော့ အစာကိုခပ်မြန်မြန်စားနေချိန်မှာ ဗိုက်ဝပြီဆိုတာကို ဦးနှောက်ကသိဖို့ အချိန်မရလို့ပါပဲ။ အစာကို လိုအပ်တာထက်ပိုစားမိပါက ဝိတ်တက်လာတာနဲ့ တခြားကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။

အဝလွန်နိုင်ချေများလာတယ်

Source: Power of Positivity

အဝလွန်ခြင်းဟာ အစာမြန်မြန်စားတဲ့သူတွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ဝနေတဲ့လူတော်တော်များများက ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း နဲ့ diet မလုပ်ခြင်းအပေါ်မှာပဲ ပြစ်တင်ကြတယ်။ တကယ်လို့ သင်ဟာအစာမြန်မြန်စားလေ့ရှိတယ်ဆိုရင် ပုံမှန်အရှိန်နဲ့ စားတက်အောင်လေ့ကျင့်ယူပါ။

အစာခြေစနစ်

Source: Times of India

အစာမြန်မြန်စားတဲ့လူအများစုဟာ အစာကိုအကြီးကြီးကိုက်လေ့ရှိပြီး တစ်ခါတစ်လေ ကြေညက်အောင်မဝါးဘဲနဲ့ မျိုချတက်ကြတယ်။ တစ်ခါတစ်လေ အစာကို ရေနဲ့မျှောချတက်ကြတယ်။ ဝမ်းချုပ်တာ၊ အစာမကြေတာတွေ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုရင် ဒီအလေ့အကျင့်ကို ဖျောက်ပစ်ဖို့ လိုအပ်နေပါပြီ။

ပုံမှန်အစာစားချိန်မှာ အစာစားပါ။ မနက်စာလွတ်တာ ညစာလွတ်တာမျိုး မရှိအောင်ဂရုစိုက်ပါ။ ဘာလို့လဲဆိုတော့ ထမင်းတစ်နပ် အလွတ်ခံလိုက်ခြင်းက နောက်တစ်နပ်မှာ ပိုပြီးလိုအပ်တာထက် စားမိသွားစေပါတယ်။

တီဗီ/ဖုန်း/ကွန်ပြူတာရှေ့မှာ ထမင်းမစားပါနဲ့။ တီဗီ/ဖုန်း/ကွန်ပြူတာရှေ့မှာထိုင်ပြီး အစာစားခြင်းက အစာစားတာကို အနှောင့်ယှက်ဖြစ်စေပြီး သင် ဘယ်လောက်များများစားတာ၊ ဘယ်လိုစားနေတာလည်းဆိုတာ မသိဖြစ်သွားစေနိုင်ပါတယ်။

အစားအစာကို ကြေညက်အောင်ဝါးပါ။ မြန်မြန်မစားပါနဲ့။ မြန်မြန်စားတာထက် အစားအစာကို ကြေညက်အောင် ဝါးပြီးမှ မျိုချပါ။ ဒီလိုလုပ်ခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေရုံသာမက အစာအစားခြင်းကိုလည်း နှေးကွေးစေပါတယ်။