နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ယူဆပါသလား။ သင်ဟာအဝလွန်စေတဲ့ သရေစာတွေနဲ့ ဆီကြော်မုန့်တွေကို လုံးဝမစားဘဲ ယတိပြတ်ဖြတ်လိုက်ပေမယ့် ခန္ဓာကိုယ်ကတော့ အဆီတွေကျမသွားပါဘူး။ ဘာကြောင့်လို့ထင်ပါသလဲ။ သင့်အရှေ့မှာရှိတဲ့ခွက်ထဲမှာ အဖြေပါနေပါတယ်။

ဘီယာမှာ ကယ်လိုရီဘယ်လောက်ပါဝင်သလဲ

Source: michiganradio.org

အဖြူရောင်ဘီယာတစ်ဂျား( Per Pint) မှာ-၁၈၂ ကယ်လိုရီ၊ အညိုရောင်ဘီယာတစ်ဂျား (Per Pint) မှာ ၁၆၀ ကယ်လိုရီပါဝင်ပါတယ်။ အနက်ရောင်ဘီယာ (Stout) တစ်ဂျားမှာ ကယ်လိုရီ ၂၁၀ ပါဝင်ပါတယ်။

ဘယ်လိုလူတွေက ဘီယာသောက်သုံးနေကြသလဲ

Source: foodandwine.com

ယနေ့ခေတ်မှာ ဘီယာသောက်သုံးခြင်းဟာ ခေတ်ရေစီးကြောင်းတစ်ခုကဲ့သို့ ဖြစ်နေပါပြီ။ လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ဘီယာကိုနှစ်ခြိုက်စွာ သောက်သုံးနေကြပါတယ်။ မိတ်ဆွေ၊ သူငယ်ချင်းတွေစုံကြရင်ပဲဖြစ်စေ၊ ဧည့်ခံပွဲတွေ၊ ပါတီပွဲမှာပဲဖြစ်စေ ဘီယာဟာ မပါမဖြစ်အရာတစ်ခုဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို ဘယ်လိုဆိုးကျိုးတွေဖြစ်ပေါ်စေသလဲ

Source: Customer Tipster

ဘီယာကိုသောက်သုံးလိုက်တဲ့အချိန်မှာ လည်ချောင်းကတဆင့် သွေးထဲကိုလှည့်ပတ်စီးဆင်းသွားပြီး နောက်အသည်းဆီကို ရောက်သွားပါတယ်။ သောက်သုံးပြီး ၁၀ မိနစ်အတွင်းမှာ အစာအိမ်ထဲက အယ်လ်ကိုဟောတစ်ဝက်ကို အသည်းကစုပ်ယူသွားပြီး တစ်နာရီအတွင်းမှာတော့ အယ်လ်ကိုဟောအားလုံးကို စုပ်ယူသွားပြီးဖြစ်ပါတယ်။

ဒါပေမယ့် အသည်းဟာ တစ်နာရီကိုအယ်လ်ကိုဟော တစ်ယူနစ်ခန့်သာ ချေဖျက်နိုင်စွမ်းရှိတဲ့အတွက် ဘေးထွက်ဆိုးကျိုးအနေနဲ့ အယ်လ်ကိုဟောတွေဟာ သွေးထဲကနေတဆင့် ခန္ဓာကိုယ်တစ်ခုလုံးဆီကို လှည့်ပတ်စီးဆင်းပါတော့တယ်။ အသည်းဟာ မနိုင်ဝန်ထမ်းရသလိုဖြစ်ပြီး ပင်ပန်းလာကာ နောက်ဆုံးပျက်စီးတဲ့အဆင့်ကို ရောက်သွားနိုင်ပါတယ်။