အလုပ်ရှင်သူဌေးက သင့်ကိုအရေးပေး ချီးကျူးစကားတွေပြောနေလို့ သင့်ကိုမနာလိုဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိနေပြီလား။ ဒါမှမဟုတ် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက သင့်ကိုမကြိုက်ကြဘူးလား။ ဒါတွေကြောင့် အလုပ်ခွင်မှာ စိတ်အနှောင့်အယှက်ဖြစ်နေရပြီဆိုရင်တော့ ဒီနေ့ဆောင်းပါးကိုသာ ဖတ်ကြည့်လိုက်ပါ။

သင့်ဘက်ကဆက်ဆံရေးကောင်းနေပါစေ

Source: Psychology Today

အလုပ်ရှင်သူဌေးက သင့်ကိုအရေးပေးလို့ တခြားလုပ်ဖော်ကိုင်ဖက်တွေက သင့်အပေါ်မနာလိုမှုတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အခြေအနေပိုမဆိုးမသွားအောင် တည်ငြိမ်စွာထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ သူတို့တွေနဲ့ အလုပ်တွဲလုပ်နိုင်အောင် စကားဝိုင်းမှာဖော်ဖော်ရွေရွေဝင်ပြီး စကားပြောနိုင်အောင် ကြိုးစားပါ။ သူတို့နဲ့ ကောင်းမွန်တဲ့ relationship တစ်ခုတည်ဆောက်ပါ။

မပြောခင်စဉ်းစားပါ

Source: Andres Pira

သင့်အနေနဲ့ အခြားလုပ်ဖော်ကိုင်ဖက်တွေရဲ့ အတင်းပြောတဲ့ အလယ်မှာရောက်ကောင်းရောက်နိုင်ပါတယ်။ ဒီလိုအခြေအနေဖြစ်လာရင်တော့ တခြားလူတွေအကြောင်း အတင်းပြောခြင်းကို ရှောင်ကျဉ်ပေးပါ။ အချိန်ယူပါ။ အကြောင်းအရာသေချာလေ့လာပြီးမှာ တုံ့ပြန်ပြောဆိုပါ။ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို သင်ပြောလိုက်တဲ့ စကားတွေကိုယူပြီး သင့်အကြောင့်အတင်းပြောနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

ကြွားဝါပြောဆိုခြင်း မလုပ်ပါနဲ့

Source: Ravishly

သိုသိုသိပ်သိပ်နေတက်ခြင်းက မနာလိုတက်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အဆင်ပြေစေပါတယ်။ အလုပ်မှာ ဘောနပ်စ်ရတာပဲဖြစ်ဖြစ်၊ အရေးကြီးတဲ့ လုပ်ငန်းတာဝန်ရတာပဲဖြစ်ဖြစ် အများသိအောင်ပြောနေစရာမလိုပါဘူး။ အထူးသဖြင့် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မပြောပါနဲ့။ သင့်ရဲ့ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုတွေကို ထိန်းချုပ်တတ်အောင်ကြိုးစားကြည့်ပြီး ပျော်ရွှင်နေတဲ့မျက်နှာကို ပြမယ့်အစား ယုံကြည်မှုရှိရှိနေပြီး လုပ်ဖော်ကိုင်ဖက်တွေကို ယဉ်ကျေးသိမ့်မွေ့တဲ့အပြုံးလေးနဲ့ ပြုံးပြလိုက်ပါ။

အတက်အကျဆိုတာက လူမူဘဝမှာ ကြုံတွေ့ရစမြဲပါ။ အလုပ် ပေါ်လစီဆိုတာ လုပ်ငန်းခွင်တိုင်းနီးပါးမှာရှိပါတယ်။ အရေးကြီးတာက ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် အာရုံစိုက်ပြီးလုပ်ပြီး။ ကိုယ့်တက်လမ်းကို ရှာဖွေနေပါ။ တကယ်လို့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်နဲ့အဆင်မပြေဘူး။ ကိုယ်ကိုင်တွယ်နိုင်တဲ့ အနေအထားကနေ ကျော်လွန်သွားပြီဆိုရင်တော့ ဒီပြဿနာကို ထုတ်ဖော်ပြောကြားဖို့ လိုအပ်နေပါပြီ။