တုပ်ကွေး အအေးမိသူတွေဟာ နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံအားစနစ်တစ်မျိုး ထုတ်လုပ်ပေးနိုင်ဖွယ် ရှိတယ်လို့ သုတေသနပညာရှင်တွေက ယူဆမှုတွေ ရှိနေပါတယ်။La Jolla Institute of Immunology မှ သုတေသနအဖွဲ့တစ်ဖွဲ့ဟာ COVID-19 ရောဂါကနေ သက်သာပျောက်ကင်းခဲ့တဲ့ အရွယ်ရောက်သူ ၂၀ ပါ အဖွဲ့တစ်ဖွဲ့ကို လေ့လာမှု လုပ်ခဲ့ပါတယ်။ လေ့လာမှုအရ ဒီလူတွေရဲ့ ကိုယ်တွင်းအင်္ဂါစနစ်ဟာ SARS-CoV-2 ကို နည်းလမ်းမျိုးစုံနဲ့ သိရှိနိုင်တယ်လို့ တွေ့ထားတာပါ။ ဒီတွေ့ရှိချက်ကို Cell ဂျာနယ်မှာ ရေးသားခဲ့ပါတယ်။

Photo: malaymail

” ကိုယ်ခံအားအနည်းငယ် တုန့်ပြန်မှုလေးပဲ တွေ့ရတာနဲ့ ကျွန်တော်တို့ အလေးအနက် ထားရပါမယ်။” လို့ ဦးဆောင်လေ့လာခဲ့သူ ဒေါက်တာ အလက်ဆန်ဒရို ဆက်တီက သတင်းထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ ” ဒါပေမယ့် ကျွန်တော်တို့ တွေ့ရှိရတာက COVID-19 ကူးစက်မှုအတွက် ပစ်မှတ်ကို တိုက်ခိုက်တဲ့ spike ပရိုတိန်းတွေနဲ့ တစ်ခြား အရေးကြီးတဲ့ ပရိုတိန်းတွေကို အလွန်အားကောင်းသန်မာတဲ့ T cell တုန့်ပြန်မှုတစ်ခုပါ။ ဒီတွေ့ရှိချက်က ဆေးဝါးဖော်ထုတ်မှုအတွက် တကယ့်ကို သတင်းကောင်းပါ”

သုတေသနအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ခြားရောဂါအခံများ ခံစားရခြင်းမရှိဘဲ သက်သာလာသူ လူနာတွေဆီက ထုတ်ယူထားတဲ့ T ဆဲလ်တွေဟာ ဗိုင်းရပ်စ်မှ ပရိုတိန်းအပိုင်းအစတွေကို မှတ်မိနိုင်သလားဆိုတာ လေ့လာစမ်းသပ်ခဲ့ပါတယ်။ တွေ့ရှိချက်အရ လူနာအားလုံးနီးပါး ဟာ ပဋိဇီဝထုတ်လုပ်နိုင်တဲ့ T ဆဲလ်တုန့်ပြန်မှု ဖြစ်လာတယ်လို့ ဆိုပါတယ်။

Source : CNN

သုတေသနပညာရှင်တွေဟာ SARS- CoV-2 မတွေ့ရှိခင် ၂၀၁၅ နဲ့ ၂၀၁၈ အကြား စုဆောင်းထားတဲ့ သွေးနမူနာများထဲက T ဆဲလ် တုန့်ပြန်မှုလည်း ကြည့်ခဲ့ကြပါတယ်။ သွေးနမူနာများထဲမှ အနည်းဆုံး ထက်ဝက်ခန့်မှာ SARS-CoV-2 ကို မှတ်မိနိုင်တဲ့ T ဆဲလ်တွေ ပါဝင်နေပါတယ်။ သုတေသီတွေအနေနဲ့ အအေးမိဝေဒနာခံစားဖူးသူတွေဟာ ကိုယ်ခံအားပုံစံတစ်မျိုး ဖြစ်လာနိုင်မလားဆိုတာ ယူဆနေဆဲ ဖြစ်ပြီး အတည်ပြုလို့တော့ မရသေးပါဘူး။