အဆီပိုတွေလို့ပြောလိုက်တာနဲ့ လက်မောင်း ၊ ဝမ်းဗိုက် ၊ ပေါင် စတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတွေကိုပဲ ပြေးမြင်မိကြတာများပါတယ်။ တကယ်တော့ အဆီပိုတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများမှာ ရှိနေတတ်တာဖြစ်ပြီး ကိုယ့်ရဲ့ လှပတဲ့ မျက်နှာလေးပေါ်မှာလည်း အဆီပိုတွေရှိနေနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာပေါ်ကအဆီပိုတွေကို ဖယ်ရှားချင်ပြီး သွယ်သွယ်လျလျနဲ့ လှပစေဖို့အတွက် သဘာဝနည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်နော်။

(၁) အိပ်စက်ချိန်

Source : hrmagazine.co.uk

လူတစ်ယောက်ရဲ့ အိပ်စက်ချိန်နဲ့ အဲ့ဒီလူရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ အများကြီးသက်ဆိုင်နေပါတယ်။ အခြေခံအားဖြင့် လူတစ်ယောက်ဟာ တစ်ရက်ကိုအနည်းဆုံး ၇ နာရီခန့် ပြည့်ပြည့်ဝဝအိပ်စက်ပေးဖို့ လိုပါတယ်။ အိပ်စက်ချိန် မမှန်တာ အိပ်ချိန်နည်းပါးတာတွေဟာ ခန္ဓာကိုယ်က မကောင်းတဲ့ဟော်မုန်းဓာတ်တွေထွက်လာပြီး အဆီပိုတွေစုလာစေမှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်စက်ချိန်မှန်ဖို့ အထူးဂရုစိုက်ဖို့လိုပါမယ်။

(၂) စားသောက်မှုပုံစံ

Source : freepik.com

အငန်ဓာတ်ကို လိုတာထက်ပိုပြီး စားမိတဲ့အခါ ခန္ဓာကိုယ်ဟာ ကိုယ်အလေးချိန်တဖြည်းဖြည်း တိုးလာနိုင်သလို မျက်နှာပေါ်မှာလည်း မလိုအပ်တဲ့အဆီပြင်တွေ စုပုံလာတတ်ပါတယ်။ ဆားပါဝင်မှုများတဲ့အစားအသောက်တွေ အငန်မုန့်တွေ ကွက်ကီးတွေ များများစားမိတဲ့အခါ မျက်နှာဖောင်းပြီး ပွယောင်း ရောင်ရမ်းတာတွေလည်း ဖြစ်လာနိုင်တဲ့အပြင် သွေးတိုးရောဂါအတွက်လည်း စိုးရိပ်ရတာကြောင့် ဆားလျော့စားဖို့ အကြံပြုချင်ပါတယ်။

(၃) အယ်လ်ကိုဟောဓာတ်

Source : Bonobology.com

အရက်သောက်ပြီး နောက်နေ့မနက်မှာ မျက်နှာအစ်နေတာတွေ ဖောရောင်နေတာတွေ မကြာခဏခံစားမှုကြမယ်ထင်ပါတယ်။ အရက်ကို လိုတာထက်ပိုပြီး သောက်သုံးမယ် ဆိုရင်လည်း ခန္ဓာကိုယ်အလေးအချိန်တက်လာနိုင်သလို မျက်နှာပေါ်မှာရော ဝမ်းဗိုက်လိုနေရာတွေမှာ အဆီများစုလာနိုင်ပါတယ်။ ဒါကြောင့်အရက်သောက်ခြင်းကို ရှောင်နိုင်သလောက်ရှောင်ပါ။ ရှောင်လွဲလို့မရတဲ့အခါမှာလည်း ၁ ခွက်၂ ခွက်ထက် ပိုပြီး မသောက်သုံး မိပါစေနဲ့။