Electronic Dance Music ကြောင့် Raver တွေဟာ ရှင်သန်လာရတာဖြစ်ပါတယ်။ ထပ်ပိုပြီး ရှင်သန်လာရတာကတော့ EDM Festival တွေကြောင့်ပဲဖြစ်ပါတယ်။ Raver တွေစုစည်းရာ EDM Festivals တွေဟာ ပိုပြီးများပြားလာသလို ကမ္ဘာတစ်ဝန်းလုံးအထိ ကျော်ကြားလောက်အောင်ကို မိုက်လွန်းပါတယ်။ ရူးခါသွားအောင် မိုက်လွန်းတဲ့ Top 5 EDM Festival အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။

Tomorrowland

tomorrowland festival

Source: tomorrowland.com

နှစ်စဉ် July လတိုင်းမှာ ကျင်းပလေ့ရှိပြီး ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ အမိုက်ဆုံးသော EDM Festival ပဲဖြစ်ပါတယ်။ ကျင်းပတိုင်းမှာ နှစ်ပတ်ခန့်အထိကြာရှည်လည်းပဲ Raver ပေါင်း 400,000 ရဲ့ အားပေးမှုက လျော့ကျမသွားပါဘူး။ Mind Blown Stage Design တွေနဲ့ World Wide Famous DJ တွေဖြစ်တဲ့ David Guetta, Armin Van Buuren, AfroJack, Swedish House Mafia, Avicii, စသည့်အနုပညာရှင်တို့ ဖျော်ဖြေတင်ဆက်တာဖြစ်လို့ ကမ္ဘာ့ Top 10 EDM Festival မှာ နံပါတ် ၁နေရာကို ယူထားနိုင်တာဖြစ်ပါတယ်။

Ultra Music Festival

ultra festival

Source: iflyer.tv

Miami မှာ နှစ်စဉ်နှစ်တိုင်းကျင်းပနေတဲ့ Ultra Music Festival မှာ ဖျော်ဖြေတင်ဆက်တဲ့ Line Up တွေဟာဆိုရင် Tiesto, deadmau5, David Guetta, Armin Van Buuren, Sasha & Digweed, Above & Beyond, Avicii နဲ့ Steve Aoki အပြင် အခြား DJ Artist တွေလည်းပါပါသေးတယ်။ Ultra ဟာ Miami မှာတင်မဟုတ်ပဲ Ibiza, Sao Paulo, Santiago, Seoul, Tokyo, Bogota, Split/Hvar, Johannesburg နဲ့ Buenos Aires အထိပါ တစ်ရှိန်ထိုး ကျော်ကြားအောင်မြင်နေတာပဲဖြစ်ပါတယ်။

Electric Daisy Carnival

electric daisy carnival

Source: reviewjournal.com

၁၉၉၇ခုနှစ်ထဲက စတင်ကျင်းပခဲ့ရာက အခုအချိန်မှာဆိုရင် World Wide Top 5 EDM Festival မှာ နံပါတ် သုံးနေရာမှာ နေရာယူလို့နေပါပြီ။ California ကနေစတင်ခဲ့ရာ Colorado, Puerto Rico, New Jersey, New York, Orlando, Las Vegas, နဲ့ UK နိုင်ငံရဲ့ Milton Keynes အထိပါ ကျယ်ပြန့်လို့လာပါပြီ။ Paul Oakenfold, Paul Van Dyk, Benny Benassi, Subfocus နဲ့ David Guetta တို့အပြင် အခြားသော DJ Line Up တို့ အမိုက်ဆုံးနဲ့ အလွင့်ဆုံး ကျင်းပကြတာပဲဖြစ်ပါတယ်။

Sunburn Festival

sunburn festival

Source: hellotravel.com

Caribbean မှာ ကျင်းပနေတဲ့ Sunburn ဟာ နှစ်စဉ်နှစ်တိုင်း လူအရေအတွက် 100,000 ထက်ပိုတဲ့ တစ်ခဲနက်အားပေးနေမှုတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ Goa လူမျိုးတွေရဲ့ အားပေးမှုအပြင် နိုင်ငံရပ်ခြားကနေလာရောက်အားပေးနေမှုကို အချိုးကျကျတွေ့မြင်နိုင်ပါတယ်။ အာရှမှာ နာမည်ကြီး ကျော်ကြားနေတဲ့ Festival တစ်ခုဆိုရင်လည်း မမှားပါဘူး။

Movement Festival

movement festival

Source: billboard.com

Detroit Electronic Music Festival လို့လည်း နာမည်တွင်ပြီး America နဲ့ Europe တစ်ဝန်းလုံးမှာရှိတဲ့ Raver တွေရဲ့ အသည်းကျော် EDM Festival တစ်ခုဖြစ်ပါတယ်။ Moby, Fatboy Slim, Ministry of Sound နဲ့ Paul Oakenfold, Flosstradamus အခြားသော DJ Line Up တွေရဲ့ အမိုက်စား Remix တွေနဲ့ တင်ဆက်ဖျော်ဖြေနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

Top 5 EDM Festival တွေရဲ့ Stage Design တွေပါ မိုက်လွန်းလှတဲ့အပြင် Raver တွေရဲ့ Fashion Style တွေဟာလည်း လန်းလွန်းလှပါတယ်။