ဒေါ့မွန်အသင်းအားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ယခုနှစ်မှာ ဂျေဒန်ဆန်ချိုအတွက် ဘယ်အသင်းကမှ ကြီးမားတဲ့ငွေကြေးပမာဏနဲ့ ကမ်းလှမ်းပြီး အရဲစွန့်သွားမှာမဟုတ်ဘူးလို့ ယုံကြည်နေကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့် ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါမှာ နောက်ထပ်ထူးခြားတဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်၊ ချယ်ဆီးအသင်းတို့နဲ့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ခေါ်ယူနိုင်ဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။
Photo: sportskeeda
အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဂျေဒန်ဆန်ချိုအတွက် ဒေါ့မွန်အသင်းဟာ အနည်းဆုံးယူရိုသန်း ၁၀၀ နဲ့ ကမ်းလှမ်းမှသာ အပြောင်းအရွှေ့ပြုလုပ်ဖို့အတွက် သဘောတူလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတလွှားက အသင်းတွေဟာ ငွေကြေးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေတာကြောင့် ဆန်ချိုကို ပုံမှန်ထက် လျော့နည်းတဲ့ပမာဏနဲ့ ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ ထင်မြင်နေကြတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်က ပြီးခဲ့တဲ့အပတ်မှာ ၂၀၂၀ ခုနှစ်မှာ ကစားသမားတွေအတွက် ကိန်းဂဏန်း၉လုံးအထိ ပေးချေနေတာက ပကတိလက်တွေ့ဆန်မှုက အားကစားလောကမှာ ရင်ဆိုင်နေရတဲ့ ပကတိအမှန်တရားကို လစ်လျူရှုနေခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုလည်း ကမ်းလှမ်းမှုပြုလုပ်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
Photo ; FootballFanCast
မိုက်ကယ်ဇော့ကလည်း ဆန်ချိုကို အချမ်းသာဆုံးအသင်းတွေကတောင် ခေါ်ယူနိုင်တဲ့အခြေအနေကို ကျော်လွန်နေတယ်လို့ မျှော်လင့်နေပြီး ဆန်ချိုရဲ့ အပြောင်းအရွှေ့အခြေအနေပေါ်မှာ လုံးဝစိတ်အေးလက်အေးရှိနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဘာမှ အခြေအနေက အသစ်မရှိပါဘူး။ လက်ရှိအချိန်မှာ အင်္ဂလန်မှာတောင်မဟုတ်ဘူး။ ဘယ်အသင်းကမှ ကြီးမားတဲ့ငွေကြေးနဲ့ အပြောင်းအရွှေ့ပြုလုပ်ပြီး စွန့်စားသွားမှာမဟုတ်ပါဘူး”
“ကျွန်တော်တို့ ဂျေဒန်ဆန်ချိုနဲ့ ကာလရှည်စာချုပ် ရှိနေပြီး အဲဒါကြောင့် ကျွန်တော်တို့ လုံးဝကို စိတ်အေးလက်ဆေးဖြစ်နေတာပါ”လို့ ပြောကြားခဲ့ပါတယ်။