ဒီရက်ပိုင်းမှာ ရာသီဥတုသိသိသာသာပူပြင်းလာတာကို အားလုံးသတိထားမိမယ်ထင်ပါတယ်။ ခရမ်းလွန်ရောင် ခြည်ညွှန်းကိန်းများ မြင့်တက်လာကြောင့် အရိပ်ထဲနေရင်တောင် ပူစပ်ပူလောင်နဲ့ ထိုင်မရထိုင်မရ အောင်ကို အပူဒဏ်ကဆိုးရွားလှပါတယ်နော်။ ဒီလိုဆိုးရွားလှတဲ့ အပူဒဏ်ကို အံတုပြီး မဖြစ်မနေ နေပူထဲသွားလာလှုပ်ရှားနေရသူတွေအနေနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကိုလည်းမျှဝေပေးချင်ပါတယ်နော်။

(၁) အဝတ်အစား

Source: fashionableearth.org

နေပူထဲမဖြစ်မနေသွားရတော့မယ်ဆိုရင် အပူဒဏ်ကိုလျော့ချပေးမယ့် အဝတ်အစားမျိုးဝတ်ဆင်သင့်ပါတယ်။ ချည်သားအဝတ်အထည်များ၊အရောင်ဖျော့သော အဝတ်အထည်များ၊ ကိုယ်ကျပ်အဝတ်အထည်များထပ်ခပ်ပွပွ စိတ်လွတ်လက်လွတ်ဖြစ်စေမယ့် အဝတ်အထည်များကို ဝတ်ဆင်ပေးခြင်းက အပူဒဏ်ကိုလျော့ချပေးနိုင်တာပဲ ဖြစ်ပါတယ်။ သတိထားရမှာတစ်ခုက အနက်ရောင်အဝတ်အထည်များလုံးဝ မဝတ်ဆင်သင့်ပါဘူး။ အနက်ရောင်ဟာ အပူစုပ်တာကြောင့် သင့်ကိုပိုပြီးပိုအိုက်စေတာမလို့ပါ။

(၂) ထီး

Source: Wirecutter

အပြင်ထွက်တဲ့အခါတော်တော်များများထီးယူသွားဖို့ပျင်းတက်ကြပါတယ်။ ကိုယ်ကမနက်ခင်း နေမပူခင်အိမ်ကထွက်ပေမယ့် နေ့လည်နေ့ခင်းရောက်တဲ့အခါ  အပူရှိမြင့်တက်လာတာကြောင့် ထီးဆောင်းဖို့ လိုကိုလိုအပ်ပါတယ်။ ဒါကြောင့် မနက်ခင်းအိမ်ကစထွက်ကတည်းက ထီးယူသွားပါ။ ခရမ်းလွန်ရောင်ခြည် ကာကွယ်ပေးနိုင်တဲ့ UV ကာကွယ်ပေးနိုင်တဲ့ ထီးမျိုးဆိုရင်ပိုပြီးကောင်းပါတယ်။

(၃) Sunscreen

Source: Jacket Sunscreen

ကိုယ်ရဲ့အရေပြားကျန်းမာရေးအတွက် နေပူထဲထွက်ရတော့မယ်ဆိုတာနဲ့ ၅မိနစ်လောက်အချိန်ပေးပြီး Sunscreen လိမ်းပေးသင့်ပါတယ်။Sunscreen လိမ်းဖို့ ဘာကြောင့်အရေးကြီးလဲဆိုရင် ခရမ်းလွန်ရောင်ခြည်မှာပါတဲ့ UVA နဲ့ UVB ရောင်ခြည်၂ခုလုံးဟာ နေလောင်ခြင်း၊ အသားရေမညီညာဖြစ်ခြင်း၊ အိုမင်းရင့်ရော်ခြင်းတို့အပြင် အရေပြားကင်ဆာကိုပါဖြစ်စေနိုင်တာကြောင့် အထူးဂရုပြုသင့်တာပဲဖြစ်ပါတယ်။

(၄) ဓာတ်ဆားရေ

Source: Quick and Dirty Tips

နေအရမ်းပူတဲ့အခါ ချွေးထွက်များခြင်း၊ ရေဓာတ်အလုံအလောက်မရခြင်းတို့ကြောင့် မောပန်းနွမ်းနယ်ပြီး နေထိုင်မကောင်းဖြစ်တတ်ပါတယ်။ သင်အနေနဲ့ နေပူထဲမဖြစ်မနေထွက်ရမယ်ဆိုပါက ရေများများသောက် ပေးခြင်း၊ ဓာတ်ဆားရေသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးသင့်ပါတယ်နော်။