မိမိ ခန္ဓာကိုယ်ပေါ်မှာ တက်တူးရေးထိုးထားခြင်းက အနုပညာတစ်မျိုးပဲဖြစ်ပါတယ်။ ထိုအနုပညာက ရာသက်ပန် စွဲမြဲသွားမယ့် အနုပညာလက်ရာဖြစ်ပြီး သင့်အတွက် တစ်သက်လုံးဂုဏ်ယူရမယ့် တက်တူးဒီဇိုင်းမျိုးဖြစ်နေဖို့ လိုပါတယ်။

သင့်အနေနဲ့ တက်တူးတစ်ခါမှ မထိုးဖူးဘူး။ အခုမှ ပထမဦးဆုံးအကြိမ် တက်တူးထိုးမယ်လို့ ဆုံးဖြတ်ထားတဲ့အခါ တက်တူးမထိုးခင်မှာ ဘယ်လိုအချက်မျိုးကို လိုက်နာသင့်သလဲဆိုတာတွေကို ဖော်ပြပေးသွားချင်ပါတယ်။

သေသေချာချာ လေ့လာထားပါ

tattoo artist drawing tattoo

တက်တူးမထိုးခင်မှာ မိမိထိုးမယ့် တက်တူးဒီဇိုင်းအတွက် သေချာ စူးစမ်းလေ့လာထားဖို့ လိုအပ်သလို မိမိကို ထိုးပေးမယ့် တက်တူးဆရာနဲ့ သူ့ရဲ့စတူဒီယိုအကြောင်းကိုလည်း ဂဃနဏ လေ့လာထားသင့်ပါတယ်။ ဒီအချက်ကတော့ နံပါတ်တစ်အရေးအကြီးဆုံးပါ။

တက်တူးအရွယ်အစားနဲ့ ထိုးမယ့်နေရာ

tattoo master put tattoo flower on inner arm

အရွယ်အစားကြီးမားပြီး မြင်သာထင်သာရှိတဲ့တက်တူးများက တချိန်ချိန်မှာ သင့်ရဲ့အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အတားအဆီးတစ်ခုခုဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တက်တူးထိုးတဲ့အတွက် မိမိရဲ့အလုပ်အကိုင်၊ လူမှုအသိုင်းအဝိုင်းကိုလည်း ထည့်တွက်ဖို့ လိုအပ်တာကြောင့် တက်တူးအရွယ်အစားနဲ့ တက်တူးထိုးမယ့်နေရာကို သေချာစိတ်ပိုင်းဖြတ်ထားပါ။

နာကျင်မှုအတွက်လည်း ထည့်တွက်ထားပါ

be prepared for the pain

သင့်အနေနဲ့ နာကျင်မှုဒဏ်ကို ခံနိုင်ရည်ရှိမှ တက်တူးထိုးသင့်ပါတယ်။ တက်တူးထိုးနေရင် နာကျင်မှုကို မခံနိုင်လို့ တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်လိုက်တဲ့အခါ သင့်တက်တူးက ဘယ်လိုမှ မိမိုက်နေတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် နာကျင်မှုနည်းတဲ့နေရာကို ရွေးချယ်ထားဖို့လိုပါတယ်။ အရိုးများတဲ့ နေရာမှာထားလေ ပိုနာကျင်လေဖြစ်တဲ့အတွက်ကြောင့် အသားများတဲ့နေရာမှာထိုးသင့်ပါတယ်။

အိပ်ရေးဝဝ အိပ်စက်ပါ

get 8 hour sleep

တက်တူးမထိုးခင်ညမှာ အနည်းဆုံး ၈ နာရီခန့် အိပ်ရေးဝဝ အိပ်စက်ဖို့လိုအပ်ပါတယ်။ ဒါမှ နာကျင်မှုကို ခံနိုင်ရည်ပိုရှိမှာဖြစ်ပါတယ်။

ရေချိုးထားပါ

man showering in bathroom

သင့်အနေနဲ့ တက်တူးစတူဒီယိုကို မသွားခင်မှာ ရေချိုးသန့်စင်ထားခြင်းအားဖြင့် သင့်ရဲ့တက်တူးဆရာကို သူ့အလုပ်ထဲမှာ ပိုအာရုံစိုက်နိုင်အောင် ကူညီပါ။

ရေဓာတ်ပြည့်ဝအောင်နေပါ

man drinking water

ရေဓာတ်ပြည့်ဝစွာ နေထိုင်ခြင်းအားဖြင့် သင့်အသားအရေကို ရေဓာတ်ပြည့်ဝစိုပြေနေစေပြီး တက်တူးထိုးလို့ကောင်းပါလိမ့်မယ်။

အာဟာရပြည့်ဝအောင် စားသွားပါ

power pack meal fo breakfast

တက်တူးထိုးတဲ့အခါ အပ်က အရေပြားထဲ ဝင်လိုက် ထွက်လိုက်ဖြစ်နေမှာဖြစ်ပြီး ထိုဖြစ်စဉ်က သင့်ရဲ့သွေးတွင်းသကြားဓာတ်ကို ဆုံးရှုံးစေပါတယ်။ အချိန်အနည်းငယ်ကြာလာတဲ့အခါ ခေါင်းမူးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ကို ခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် အာဟာရပြည့်ဝအောင်စားသွားပြီး စွမ်းအင်ဖြည့်တင်းထားဖို့လိုပါတယ်။

အသားအရေကို ရေဓာတ်ဖြည့်ပါ

man getting tattoo

တက်တူးထိုးမယ့်နေရာကို ရေဓာတ်ပြည့်နေဖို့ရန်အတွက် Moisturizer လိမ်းကျံပေးပါ။ နေလောင်ဒဏ်မှ ကြိုတင်ကာကွယ်ထားပါ။ နေလောင်ထားတဲ့အသားအရေမှာ တက်တူးထိုးမိရင် ပိုနာတတ်ပါတယ်။ ဒါ့အပြင် Waxing ပြုလုပ်ပြီး အမွှေးအမျှင် ဖယ်ရှားခြင်းကိုလည်း တစ်ပတ်တိတိ ကြိုတင်ရှောင်ကြဉ်ထားပါ။

သက်သောင့်သက်သာရှိသော အဝတ်အစားများ ဝတ်ဆင်သွားပါ

fashion hacks for real men

ပေါ့ပေါ့ပါးပါးရှိပြီး ချောင်ချိတဲ့ အဝတ်အစားများကို ဝတ်ဆင်သွားပါ။ ဒါမှ တက်တူးထိုးပြီး အိမ်ပြန်လာတဲ့အခါ အဝတ်ချွတ်ရ လွယ်ကူမှာပါ။

ပိုက်ဆံအလုံအလောက် ယူသွားပါ

man making sure he has enough money

တက်တူးထိုးဖို့ ကုန်ကျငွေအပြင် တက်တူးထိုးပြီးတဲ့အခါ တက်တူးထိန်းသိမ်းဖို့ရန်အတွက် လိုအပ်တဲ့ပစ္စည်းများ ဝယ်ယူဖို့ရန်အတွက်ရော အခြားအတိုအထွာကုန်ကျဖို့အတွက်ပါ ပိုက်ဆံလုံလုံလောက်လောက် ဆောင်သွားပါ။

Source: Trendingtattoo.com