သင့်ရဲ့ဖက်ရှင်ကျချင်တဲ့ အဓိကရည်ရွယ်ချက်သည် ဘာဖြစ်မလဲ။ စတိုင်လ်ကျကျနှင့် ကိုယ်ပိုင်ဖက်ရှင်တစ်ခု တီထွင်နိုင်ဖို့ရန်အတွက်လား (သို့) မိမိရဲ့ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်ဖို့ရန်အတွက်လား။ (သို့) အားလုံးရဲ့အမြင်မှာ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျ ဝတ်စားတတ်တဲ့သူဖြစ်ဖို့လား။

တစ်ယောက်နဲ့ တစ်ယောက် ဖက်ရှင်ကျချင်တဲ့ ရည်ရွယ်ချက်ချင်းသည် တူညီနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် ဖက်ရှင်စည်းမျဉ်းလေးတွေကို လိုက်နာမယ်ဆိုရင်တော့ ဖက်ရှင်အလွဲလေးတွေကို ကျူးလွန်မိမှာမဟုတ်တော့ပါဘူး။

ခါးပတ်အရောင်ကို ဖိနပ်အရောင်နှင့် လိုက်ဖက်အောင် ဝတ်ဆင်ပါ

fashion tips for men

ခါးပတ်အရောင်ကို ဘောင်းဘီအရောင်နဲ့ လိုက်ဖက်တာမျိုး ရွေးချယ်မယ့်အစား မိမိ ဝတ်ဆင်မယ့် ဖိနပ်အရောင်နဲ့ လိုက်ဖက်ောအင် ရွေးချယ်သင့်ပါတယ်။

အရောင်ဖျော့များ ဝတ်ဆင်ဖို့ ဝန်မလေးပါနဲ့

fashion tips for men

အရောင်ဖျော့ အဝတ်အစားများသည် သင့်ကို ပိုမိုငယ်ရွယ်နုပျိုလာအောင် ကူညီပေးနိုင်ပါတယ်။

အနက်ရောင် ဂျင်းဘောင်းဘီများ ဝတ်ဆင်ပါ

fashion tips for men

အနက်ရောင်သည် အဝတ်အစားအရောင်မရွေးတဲ့အပြင် ဂျင်းဘောင်းဘီလည်း ဖြစ်တဲ့အတွက်ကြောင့် အကြမ်းခံ အပေခံပါတယ်။

အရည်အသွေးကောင်းတဲ့ ရှူးဖိနပ်တစ်ရံ ပိုင်ဆိုင်ထားပါစေ

fashion tips for men

ညစာစားပွဲ၊ ဧည့်ခံပွဲ၊ မင်္ဂလာဆောင်ပွဲများ တက်တဲ့အခါ ပွဲလယ်တင့်တယ်ဖို့ရန်အတွက် အရည်အသွေးကောင်းတဲ့ ရှူးဖိနပ်တစ်ရံတော့ ပိုင်ဆိုင်ထားသင်ပါတယ်။

ကြောင်ကြောင်ကျားကျား ခြေအိတ်များ မဝတ်ဆင်ပါနဲ့

fashion tips for men

ဖက်ရှင်အားလုံး ပြီးပြည့်စုံနေပြီးကာမှ ဘာ့ကြောင့် သင့်ခြေအိတ်က သင့်ရဲ့ဖက်ရှင်က ဖျက်ဆီးတာမျိုး အဖြစ်ခံနေမှာလဲ။

ခြေအိတ်ကို ရှူးဖိနပ်များ (သို့) အားကစားဖိနပ်များနှင့်သာ တွဲဖက်ဝတ်ဆင်ပါ

fashion tips for men

ခြေအိတ်တွေကို ညှပ်ဖိနပ်များ၊ ကွင်းထိုးဖိနပ်များနဲ့ တွဲဖက်ဝတ်ဆင်ခြင်းသည် အင်မတန်ကြည့်ရဆိုးပါတယ်။ စာဖတ်သူအနေနဲ့ ထိုအမှားမျိုးကို မကျူးလွန်ဘူးဆိုပေမယ့် သတိမမူမိတဲ့ ယောကျာ်းများကတော့ ထိုအမှားမျိုး ပြုလုပ်မိတတ်ကြပါတယ်။

ရာသီဥတုနှင့် လိုက်ဖက်သော ဖိနပ်များ ရွေးချယ် ဝတ်ဆင်ပါ

fashion tips for men

မိုးရာသီဆိုလည်း မိုးရာသီနှင့် လိုက်ဖက်သော ဖိနပ်များ ဝတ်ဆင်ပါ။ ဒါမှ သင့်ရဲ့ဖက်ရှင်သည်လည်း ပြီးပြည့်စုံတဲ့ ဖက်ရှင်ဖြစ်မှာဖြစ်သလို သင့်ရဲ့ဖိနပ်သည်လည်း ပျက်စီးယိုယွင်းမှု အနည်းဆုံးဖြစ်မှာပါ။

အိတ်ကပ်များလွန်းသော ဘောင်းဘီများ ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ

fashion tips for men

ထိုအိတ်ကပ်အများကြီးထဲကို သင် ဘာပစ္စည်းတွေ ထည့်ဖို့ စိတ်ကူးထားပါသလဲ။

အင်တာဗျူးတိုင်းကို Formal ကျကျ ဝတ်ဆင်သွားစရာ မလိုပါဘူး

fashion tips for men

မိမိ သွားဖြေမယ့်အင်တာဗျူးအတွက် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့် ဝတ်သွားရင်ပဲ လုံလောက်ပါပြီ။ သင့် အဝတ်အစားသည် သက်သောင့်သက်သာဖြစ်မှသာလျှင် အင်တာဗျူးကိုလည်း စိတ်အေးလက်အေး ဖြေနိုင်မှာမဟုတ်လား။

Source: Timeout.com