သင့်ရဲ့စားသောက်နေထိုင်မှုစနစ်သည် သင့်ရဲ့မျက်နှာအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။ သိပ္ပံနည်းကျ သက်သေပြထားခြင်းမရှိပေမယ့်လည်း အချို့သော အစားအစာတွေဖြစ်တဲ့ သကြား၊ ကြာရှည်ခံအစားအစာများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အာလူးချောင်းကြော်စတဲ့အစားအစာများသည် ဝက်ခြံပေါက်စေတာတော့ အမှန်ပါပဲ။

သင် စားသုံးလိုက်တဲ့အစားအစာသည် မျက်နှာပေါ်ရှိ အဆီထုတ်လုပ်မှုကို မြှင့်တင်လိုက်ပြီး ဟော်မုန်းအပြောင်းအလဲနှင့် အသားအရေရောင်ရမ်းခြင်းတို့ကို ဖြစ်စေနိုင်တယ်လို့ အရေပြားအထူးကုဆရာဝန် ဒေါက်တာ Frieling က ပြောကြားထားပါတယ်။ စိတ်ဖိစီးမှုကြောင့်လည်း ဝက်ခြံပေါက်တတ်ပါသေးတယ်။

ဒါဆိုရင် ဝက်ခြံမပေါက်ဖို့အတွက် ဘယ်လိုအရာတွေကို ရှောင်ကြဉ်သင့်သလဲ။

နို့နှင့် နို့ထွက်ပစ္စည်းများကို လျော့စားပါ

tips for men who have acne

ဒီအစားအစာများသည် အင်ဆူလင်များကို ထုတ်လုပ်ပြီး ကြီးထွားမှုဟော်မုန်းကို ပြောင်းလဲစေကာ ဝက်ခြံများ အမဲစက်များ ဖြစ်ပေါ်စေပါတယ်။

အစေ့အဆံများ များများစားသုံးပါ

tips for men who have acne

အစေ့အဆံများသည် Sebum ထုတ်လုပ်မှုကို လျော့နည်းစေတာကြောင့် အဆီပြန်ခြင်းကို ထိန်းချုပ်ပေးတာကြောင့် ဝက်ခြံပေါက်ခြင်းကို လျော့ကျစေပါတယ်။

Antioxidant ကြွယ်ဝသော အစားအစာများ များများစားသုံးပါ

tips for men who have acne

Antioxidant များ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများသည် သင့်ရဲ့အသာအးရေကို လှပစေကာ ဝက်ခြံပြဿနာများကိုလည်း ကူညီဖြေရှင်းပေးနိုင်ပါတယ်။ မုန်လာဥနီ၊ ရွှေဖရုံသီး၊ သခွားမွှေး၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ပဲအမျိုးမျိုး၊ နေကြာစေ့၊ ပန်းဂေါ်ဖီစိမ်း၊ ဆန်လုံးညို စသည်တို့ကိုလည်း များများစားသုံးပေးသင့်ပါတယ်။

ဆီကြော်စာများ ရှောင်ကြဉ်ပါ

tips for men who have acne

ဆီများလွန်းတဲ့အစားအစာများသည် ချွေးပေါက်များကို ပိတ်စေပြီး မျက်နှာအဆီပြန်စေကာ ဝက်ခြံပေါက်စေပါသေးတယ်။ ဒါ့ကြောင့် ဆီကြော်စာများ ကြိုက်ပေမယ့်လည်း ရှောင်ကြဉ်သင့်ပါတယ်။

ငါး၊ ငါးကြီးဆီနှင့် သဘာဝဆီများကိုသာ မှီဝဲပါ

tips for men who have acne

အဆီစားချင်တယ်ဆိုရင်တောင်မှ ငါးနှင့် ငါးကြီးဆီ သစ်သီးများမှရရှိတဲ့ သဘာဝဆီများကိုသာ မှီဝဲသင့်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ဆီများသည် ဝက်ခြံပေါက်စေတဲ့အပြင် နှလုံးနှင့် အသည်းကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။

Probiotics များ မှီဝဲပါ

tips for men who have acne

Probiotics များသည် အူလမ်းကြောင်းအတွက် အကျိုးရှိစေတဲ့ ကောင်းတဲ့ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ ထိုဘက်တီးရီးယားများသည် ရောင်ရမ်းမှုကို လျော့ချပေးပြီး ဝက်ခြံများကို သက်သာစေပါတယ်။ နို့ကနေ ဒိန်ချဉ်အဖြစ် အချဉ်ဖောက်ကာ ပြောင်းလဲသွားတဲ့ဖြစ်စဉ်မှာလည်း Probiotics များ ပါဝင်တာကြောင့် ဒိန်ချဉ်ကိုတော့ ခြွင်းချက်အနေနဲ့ စားသုံးပေးနိုင်ပါတယ်။ ကျန်တဲ့နို့နှင့် နို့ထွက်ပစ္စည်းများမှာတော့ Probiotics များ မပါဝင်တဲ့အတွက်ကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

Source: Everydayhealth.com

Featured Image Source: Cnalifestyle.channelnewsasia.com