အမေရိကန်ရက်ပ် Drake နဲ့ Central Cee တို့ နှစ်ယောက်ပေါင်း ဖန်တီးထားတဲ့ Which One လို့ အမည်ရတဲ့ Single သီချင်းအသစ်တစ်ပုဒ် ထွက်ရှိလာပါပြီ။ ဒီသီချင်းကို ဇူလိုင်လ ၂၅ ရက်နေ့ သောကြာနေ့မှာ Streaming Platforms တွေကနေတဆင့် ဖြန့်ဝေလိုက်တာ ဖြစ်ပါတယ်။
Photo : The Needle Drop
Drake ရဲ့ Official YouTube Channel မှာတော့ ဒီသီချင်းလေးက ၂ ရက်အတွင်း ဝင်ရောက်နားဆင်သူ ၃ သိန်းနီးပါး ရှိနေပြီ ဖြစ်ပါတယ်။ Drake ကတော့ “Which One” သီချင်း Official မထွက်ခင် သူ့ရဲ့ Iceman Livestream အပိုင်း ၂ ကနေ ဒီသီချင်းအကြောင်း အနည်းအကျဉ်း မိတ်ဆက်သွားခဲ့ပြီး မကြာခင် သီချင်းအသစ်နဲ့ Comeback ပြန်လာတာ့မယ်ဆိုတာ ပရိသတ်တွေကို အသိပေးသွားခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင်က အစပိုင်းမှာ Drake ရဲ့နောက်ဆုံးထွက် Single သီချင်းတစ်ပုဒ်အဖြစ် “What Did I Miss?” ဆိုတဲ့ သီချင်းထွက်ခဲ့ပါတယ်။ ဒီသီချင်းက တစ်ပတ်အတွင်း Billboard Hot 100 မှာ နံပါတ် ၂ နေရာ ချိတ်တဲ့အထိ လူကြိုက်များ ဟော့ဖြစ်သွားခဲ့ပြီး လက်ရှိ Billboard Hot R&B/Hip-Hop Songs Charts မှာ နံပါတ် ၁ နေရာကို ရယူထားဆဲ ဖြစ်ပါတယ်။
“What Did I Miss?” သီချင်းက Kendrick Lamar နဲ့ ပွဲတည်ပြီးနောက် ထွက်လာခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး Lamar ရဲ့ Diss Song “Not Like Us.” သီချင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ထည့်ဆိုထားတာ ဖြစ်ပါတယ်။ ဒီသီချင်းနဲ့အတူ အခုနောက်ဆုံး ထွက်လာတဲ့ “Which One” သီချင်းတို့ဟာ Drake ရဲ့ လာမယ့် ၉ ခုမြောက် စတူဒီယိုအယ်လ်ဘမ် “Iceman” မှာ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။
Source : Drake
Drake ရဲ့ အခုလက်ရှိ Central Cee နဲ့ နောက်ဆုံး ထွက်ထားတဲ့ အမိုက်စား “Which One” သီချင်းကို ပရိသတ်တွေ ခံစားနိုင်ဖို့ တင်ဆက် ပေးလိုက်ပါတယ်နော်။
Featured Photo : Rolling Stone