အတော်များများကတော့ ဆောင်းရာသီကို သဘောကျကြပါလိမ့်မယ်။ ဆောင်းရာသီဟာ အားလပ်ရက်တွေ ၊ အအေးဓါတ်တွေနဲ့ ပွဲတော်တွေကို ယူဆောင်လာသလို ကျွန်တော်တို့ရဲ့ နေ့စဉ်ဝတ်စားဆင်ယင်မှုကိုပါ အပြောင်းအလဲသစ်တွေ ယူဆောင်လာတော့မှာပါ။ ဆောင်းရာသီကို ကြိုတဲ့အနေနဲ့ ကျွန်တော်တို့ ဘယ်လို ဖက်ရှင်မျိုး ဝတ်သင့်သလဲဆိုတာ မျှဝေသွားချင်ပါတယ်။

အရင်ဆုံး အရောင်တွေအကြောင်းက စပြောချင်ပါတယ်။ ဆောင်းရာသီဖက်ရှင်မှာ ဝတ်တဲ့ အနွေးထည်နဲ့ အပေါ်ထပ်အင်္ကျီဟာ အပူကို စုပ်ယူနိုင်မယ့် အရောင်ရင့်အတောက်တွေ ဖြစ်တဲ့ အစိမ်းရင့် ၊ ခရမ်းရင့် ၊ အပြာရင့် ၊ အနက် ၊ မီးခိုးနဲ့ အဖြူကာလာတွေ ရွေးသင့်ပါတယ်။

Photo: vekafashion

ဝတ်ဆင်သင့်တဲ့ ချည်သားကတော့ သိုးမွေးသားကနေ ဖလန်နယ်အထိ ကိုယ့်အရပ်ဒေသ အအေးချိန်ကို လိုက်ပြီး ဝတ်ရမှာ ဖြစ်စ်တယ်။ တစ်ချို့ဒေသတွေမှာ ရှပ်အင်္ကျီအောက်ခံမှာ ဆွယ်တာတစ်ထည်အပေါ်က ဝတ်လိုက်ရင် ဖြစ်ပေမယ့် တစ်ချို့နေရာတွေမှာ Long Coat အထိ ဝတ်ရနိုင်ပါတယ်။

ဘောင်းဘီအနေနဲ့ Jeans အစား Joggers တွေ ဝတ်တာက ဆောင်းရာသီမှာ ပိုပြီး အဆင်ပြေပါတယ်။ Joggers တွေက ပေါ့ပါးပြီး နွေးထွေးတာကြောင့်ပါ။ အခြေခံ အ‌ရောင်အနေနဲ့ မီးခိုးနဲ့ အနက်ရောင်တွေ ရွေးသင့်ပါတယ်။ ဘာပဲဝတ်ဝတ် Fit ဖြစ်ရမယ်ဆိုတဲ့ စည်းမျဉ်းကတော့ ဆောင်းတွင်းဖက်ရှင်မှာလည်း အရေးကြီးတဲ့ စည်းမျဉ်းအဖြစ် ရှိနေပါတယ်။


Source : GQ

နောက်ဆုံးတစ်ချက်က ဆောင်းရာသီမှာ Loafer နဲ့ အပေါ့စား Sneaker တွေ အစား Boots နဲ့ Shoes တွေ စီးတာပိုပြီး လိုက်ဖက်ပါတယ်။လယ်သာရှုးစ်တွေ စီးမယ်ဆိုရင်တော့ နည်းနည်းပိုဂရုစိုက်ဖို့ လိုမှာပါ။