ဗိုက်အဆီကျချင်တယ် ဘာလုပ်ရမလဲဆိုရင် အတော်များများက Gym ကစားဖို့ပဲ ပြောကြမှာပါ။ ကာယလေ့ကျင့်ခန်းတွေ လုပ်တာဟာ ဗိုက်အဆီချဖို့ အထောက်အကူမဖြစ်ဘူးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့ Diet မပါရင်တော့ Gym ကစားတာလည်း အချိန်ကုန်ပြီး လူပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။

ဒါကြောင့် ဗိုက်အဆီကျအောင် ကူညီပေးမယ့် Diet တစ်ချို့ကို မျှဝေပေးချင်ပါတယ်။ ဒီ Diet လေးတွေက Gym သွားဖို့ အချိန်မရသူတို့ ညအိပ်ရာမဝင်ခင် သောက်ပေးခြင်းအားဖြင့် အဆီချအောင် ကူညီပေးမှာ ဖြစ်ပါတယ်။

(၁) ပန်းသီးရှာလကာရည်

Photo: fruitbouquets

ဝိတ်ချချင်ရင် Apple Cider ဗင်နီကာ သောက်ဖို့ အကြံပေးကြပါတယ်။ ပန်းသီးရှာလကာရည်ကို အိမ်မှာ ကိုယ်တိုင်လုပ်လို့ ရပါတယ်။ Apple Juice ၁ လီတာ ၊ ပူစီနံ ၊ Lemon Juice ၁၀၀ မီလီလီတာ ၊ သံပရာခြမ်းလေးတွေနဲ့ ရေခဲလေးတွေနဲ့ ဖျော်စပ်ရမှာပါ။ ပန်းသီရှာလကာရည်က အစားစားချင်စိတ်ကို လျော့ပါးစေပြီး ကိုယ်အလေးချိန်ကျဆင်းအောင် ကူညီပေးနိုင်ပါတယ်။

(၂) သခွားသီးဖျော်ရည်

Photo: Natural Food Series

အဆီကျဖို့အတွက် ညအိပ်ရာမဝင်ခင် သောက်သင့်တဲ့ ဖျော်ရည်တစ်မျိုးက သခွားသီးဖျော်ရည် ဖြစ်ပါတယ်။ အဆီကျ သခွားသီးဖျော်ရည်မှာ သခွားသီးတစ်တောင့် ၊ နံနံပင်တစ်စည်း ၊ ဂျင်းလက်ဖက်ရည်တစ်ဇွန်း ၊ သံပရာသီးတစ်လုံး ၊ ရှားစောင်းလက်ပတ် တစ်ဇွန်းနဲ့ ရေဖန်ခွက်ဝက်တို့ ပါဝင်ပါတယ်။

(၃) Energy Lemon

Photo: goGLOW

ဒီဖျော်ရည်လုပ်ဖို့အတွက် သံပရာသီး ၅ လုံး ၊ စပါကလင်ရေ၁ လီတာ ၊ ပူစီနံနဲ့ ရေခဲတို့ လိုပါတယ်။ လီမွန်လေးလုံးကို အရည်ညှစ်ပြီး ခွက်ထဲ ထည့်ထားပါ။ ပြီးရင်တော့ Carbonated water လို့ခေါ်တဲ့ စပါကလင်ရေနဲ့ ရောပြီး ရေခဲ ၊ ပူစီနံထည့် ပြီး လီမွန်ခြမ်းလေးတွေထည့် သောက်ရမှာ ဖြစ်ပါတယ်။