မနက်ခင်းအိပ်ရာထချိန်မှာ ဘားမှမလုပ်ခင် အရင်ဆုံးရေတစ်ခွက်သောက် ပေးသင့်ပါတယ်။ အိပ်ရာနိုးချိန် ဗလာကျင်းဖြစ်နေတဲ့ အစာအိမ်ထဲကို ရေတစ်ခွက်သောက်ပေးလိုက်တာက ဇီဝဖြစ်စဉ်ကို ပိုမိုတိုးတက်ကောင်းမွန်စေပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ ဒီတစ်ခေါက်မှာတော့ လူတိုင်းလူတိုင်း မနက်ခင်းအိပ်ရာထချိန်မှာ ဘာကြောင့်ရေတစ်ခွက်သောက်ပေးသင့်လဲ ၊ ရေသောက်ပေးခြင်းရဲ့အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) စွမ်းအင်တိုးစေတယ်

Source : PicsHealth
မနက်ခင်း ရေတစ်ခွက်သောက်ပေးခြင်းက ခန္ဓာကိုယ်တွင်း သွေးနီဥအရေအတွက်ကို တိုးစေပြီး ဦးနှောက်သို့အောက်ဆီဂျင် များများပိုရစေပါတယ်။ ဦးနှောက်မှ အောက်စီဂျင်များများလက်ခံရရှိခြင်းက သင့်ကိုနိုးကြားတက်ကြွစေပြီး စွမ်းအင်များများ ပိုမိုရရှိစေပါတယ်။ ဒါကြောင့် မနက်ခင်းမှာ ရေတစ်ခွက်သောက်သုံးခြင်းဖြင့် တစ်နေ့တာကို စတင်လိုက်ပါ။
(၂) ကိုယ်ခံအားကောင်းစေတယ်

Source : Shutterstock
အိပ်ရာနိုးလာချိန်မှာ ရေဓာတ်နည်းနေတဲ့ ခန္ဓာကိုယ်ကို ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဗိုက်ထဲအစာမရှိတဲ့အချိန် ရေတစ်ခွက်သောက်ပေးတာက ကိုယ်ခံအားစနစ်ကို သဘာဝအတိုင်းမြှင့်တင်ပေးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်က ဖျားနာခြင်းတွေနဲ့ ကူးစက်ရောဂါပိုးတွေကိုအကောင်းဆုံးတိုက်ထုတ်ကာကွယ်ပေးနိုင်တာကြောင့် မနက်ခင်းမှာရေသောက်ဖို့ အကြံပြုချင်ပါတယ်။
(၃) အဆိပ်အတောက်တွေဖယ်ရှားပေးတယ်

Source : Shutterstock
လူ့ခန္ဓာကိုယ်ဟာ ညအချိန်မှာ ခန္ဓာကိုယ်ကိုပြန်လည်ပြုပြင်ခြင်းဆိုတဲ့ လုပ်ငန်းစဉ်တွေနဲ့အတူ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်လေ့ရှိပါတယ်။ မနက်ခင်းမှာ ရေတစ်ခွက်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်နဲ့ အူလမ်းကြောင်းတစ်လျောက်မှာရှိတဲ့ စွန့်ထုတ်လိုက်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးပြီး ဆီးဝမ်းမှန်စေကာ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ရရှိစေနိုင်မှာဖြစ်ပါတယ်။
(၄) ကိုယ်အလေးချိန်ထိန်းပေးတယ်

Source : Harvard Health
မနက်ခင်းအိပ်ရာချိန်ရေသောက်တဲ့အလေ့အကျင့်ကို ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းထားပေးပြီး အဝလွန်ခြင်း မကျန်းမာတဲ့ ကိုယ်အလေးချိန်တက်ခြင်းကိုကာကွယ်ပေးပါတယ်။ မနက်ခင်းရေသောက်တာက အစာစားချင်စိတ်ကိုလျော့နည်းစေတာကြောင့် အလွန်အကျွံစားမိခြင်းကနေ တဆင့်ဖြစ်ပေါ်လာတဲ့ အဝလွန်ခြင်း ကိုယ်အလေးချိန်တိုးလာခြင်းတွေကိုလျော့နည်းစေပြီး ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားပေးနိုင်မှာဖြစ်ပါတယ်။
