ဝိုင်တစ်ဖန်ခွက်နဲ့ ဘီယာတစ်ပိုင့်လောက်ဟာ ဖန်တီးဉာဏ်ပိုကောင်းစေတယ်ဆိုပြီး ဩစတြေးလျသိပ္ပံပညာရှင်တွေက တွေ့ရှိထားပါတယ်။

“အယ်လ်ကိုဟောလ်ဟာ ဖန်တီးနိုင်စွမ်းနဲ့ ဆက်စပ်မှုရှိနေပါတယ်” လို့ သိပ္ပံပညာရှင်အကြီးအကဲတစ်ဦးဖြစ်တဲ့ ဒေါက်တာ မာသီးယပ်စ် ဘန်နီဒက်ခ်က ပြောပါတယ်။ “အရင်သုတေသနတွေအရ ထိပ်ထိပ်ကြဲစာရေးဆရာကြီးတွေရဲ့ တစ်ဝက်နီးပါးဟာ ယမကာမှီဝဲတဲ့ သမိုင်းကြောင်းရှိတယ်ဆိုတာ တွေ့ထားပါတယ်။ ယမကာကို အတိုင်းအတာနဲ့ အနည်းငယ်မျှ သောက်သုံးခြင်းဟာ ဖန်တီးနိုင်စွမ်းတက်လာအောင် ကူညီပေးနိုင်တယ်လို့ တွေ့ရပါတယ်။”

friend-s-hand-toasting-glass-beer

Photo: Freepik

ဘန်နီဒက်ခ်ရဲ့ အဆိုအရ အတော်အတင့် သောက်ခြင်းဟာ အာရုံစိုက်လုပ်ရတဲ့ အလုပ်တွေကို နည်းနည်း ပိုခက်ခဲစေတယ်လို့ ဆိုပါတယ်။ ဖန်တီးမှုနဲ့ လုပ်ရတဲ့ စာရေးတာမျိုးတွေ ၊ အိုင်ဒီယာသစ်တွေ ထွက်အောင် ဦးနှောက်စားနေချိန်မျိုးမှာ ယမကာအတော်အသင့် သောက်ပေးတာက ပိုပြီး ဖန်တီးမှုကို လှုံ့ဆော်နှိုးဆွနိုင်တယ်လို့လည်း သူက ပြောပါတယ်။ လေ့လာမှုမှာ ပါဝင်သူတချို့ကို ပုံမှန် ဘီယာတစ်ပုလင်းစီ သောက်စေပြီး တခြားသူတွေကိုတော့ ယမကာပါဝင်မှု မရှိတဲ့ Non-Alcoholic ဘီယာသောက်စေတာပါ။

ဒီနောက်စကားလုံးတွေ စုစည်းချိတ်ဆက်ရတဲ့ အလုပ်ကို ပေးထားတာပါ။ ဥပမာ- Swiss ၊ Blue ၊ Cake စတဲ့ စကားလုံးတွေအကြား ဆက်စပ်မှုရှာခိုင်းတာ ဖြစ်ပါတယ်။ အယ်လိုဟောသောက်သူတွေကတော့ ဒီစကားလုံးတွေကို ချိတ်ပေးတဲ့ ချိတ်ဆက်စကားလုံးဟာ ချိစ် Cheese ဖြစ်တယ်လို့ မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Consciousness & Cognition ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနထဲမှာ အယ်လ်ကိုဟောသောက်သုံးသူတွေဟာ အာရုံစိုက်မှုနဲ့ သိစိတ်ထိန်းချုပ်တဲ့ဘက်မှာ အားလျော့တယ်လို့ ပါရှိပါတယ်။

young-hipster-company-friends-sitting-city-street-cafe

Photo: Freepik

ဝိုင် ၊ ဘီယာစတဲ့ အရက်ပျော့သောက်ခြင်းနဲ့ ဖန်တီးမှုဉာဏ်အကြား ဆက်စပ်နိုင်တဲ့ သီအိုရီနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက ပြဿနာတစ်ခုခုပေါ် တကယ်တမ်း အာရုံစိုက်တဲ့အခါ စိတ်ဟာ ပြဿနာကို ဖြေရှင်းဖို့လမ်းကြောင်းတစ်ခုတည်းမှာ ပိတ်မိသွားတယ်လို့ ဆိုပါတယ်။ အယ်လ်ကိုဟောဟာ စိတ်ထဲက အလုပ်လုပ်တဲ့ အချက်အလက်အားလုံးကို ထိန်းသိမ်းထားဖို့ ပိုခက်စေတာကြောင့် တခြားဦးတည်ဘက်တစ်ခုကနေ ပြဿနာကို အဖြေရှာဖို့ ကူညီပေးတာ ဖြစ်ပါတယ်။

ဒုတိယသီအိုရီအရ အယ်လ်ကိုဟာဟာ အဓိကပြဿနာကနေ ကွဲထွက်စေအောင် ထောက်ပံ့ပြီး မသိစိတ်ထဲ ဝင်ရောက်နိုင်အောင် ခွင့်ပြုတာပါ။ ဒီနည်းနဲ့ တစ်ဖက်နည်းနဲ့ အဖြေရှာမှု လုပ်တာ ဖြစ်ပါတယ်။ ဒီတော့ အရက်ပါဝင်မှုသိပ်မမြင့်တဲ့ ဝိုင်နဲ့ ဘီယာလို ယမကာတွေကို အသင့်အတင့်သောက်ပေးခြင်းအားဖြင့် သင့်မသိစိတ်နဲ့ ချိတ်ဆက်ပြီး ဖန်တီးမှုတံခါးကို ဖွင့်ပေးနိုင်တယ်လို့ ပြောချင်ပါတယ်။