လူတစ်ယောက်ရဲ့အသားအရေ ကသူ့ရဲ့ကျန်းမာရေးကိုဖော်ပြနေတယ်လို့ ပြောရင်မမှားပါဘူး။ နေမကောင်းတဲ့သူ များကြည့်လိုက်ရင် အသားအရေမွဲခြောက်ခြောက်ကြီးဖြစ်နေတာ တွေကိုတွေ့နိုင်ပါတယ်။ အခုလိုခေတ်ကြီးမှာ မိမိတို့ရဲ့ အသားအရေ ကိုထိန်းသိမ်းဖို့ဆိုတာ အလွန်ခတ်ခဲလှပါတယ်။ Beauty Spa တွေနေ့တိုင်းသွားပြီး Skin Care တွေလုပ်ဖိကလည်း မဖြစ်နိုင်ပါဘူး။
ဒီအတွက် မပူပါနဲ့ ဒီနေ့မှာတော့ အလွယ်တကူဝယ်ယူလို့ရပြီး အသားအရေ ကျန်းမာရေးအတွက် နေ့စဉ်သောက်သင့်တဲ့ ဖျော်ရည်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အခုဖော်ပြပေးမဲ့ ဖျော်ရည်တွေကို အိမ်မှာ ဈေးသက်သက်သာသာနဲ့ ကိုယ်တိုင်စိတ်တိုင်းကြ ဖျော်သောက်လို့ရပါတယ်။

Source : Freepik
သကြားမုန်လာမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဒြပ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ သကြားမုန်လာမှာပါတဲ့ nitrates က ဦးနှောက်အရှေ့ပိုင်းကို သွေးပို့လွတ်ခြင်းကို အထောက်အကူပြုတဲ့အတွက်ကြောင့် စိတ်ဖောက်ပြန်ခြင်းနဲ့ အသက်အရွယ်ကြီးရင်လာခြင်းကြောင့် အမြင်အာရုံ ကျဆင်းလာခြင်းတို့မှ ကာကွယ်ပေးပါတယ်။
ဗာဒံစေ့ ကနေရတဲ့နို့ရည်မှာ ဗီတာမင် အေ၊ဒီနဲ့ အီးတို့ပါဝင်တာကြောင့် အသားအရေ အလွန်ကောင်းပါတယ်။ကယ်လ်ဆီရယ်နဲ့ပရိုတင်းတွေပါ ပါဝင်တာကြောင့် ခြေသည်းလက်သည်းနဲ့ ဆံပင်တွေကို သန်မာစေပါတယ်။ထောပက်သီးတွေက ကတော့ အသားအရေကို ဝင်းပစေတဲ့ အဆီဓာက်တွေ ပြည့်ဝစွာပါဝင်ပါတယ်။ငှက်ပျော်သီးမှာက ဗီတာမင် အေ၊ဘီနဲ့အီးတို့ ပါဝင်တာကြောင့် အသားအရေအတွက် အလွန်ကောင်းပါတယ်။
ကျနော်တို့ရဲ့ ခန္ဓာကိုယ် အသားအရေက ဗီတာမင်စီကို မရှိမဖြစ်လိုအပ်ပါတယ်။ဗီတာမင်စီ ရဖို့ကတော့ ရှောက်ခါးသီးကို သတိရလိုက်ပါ။ရှောက်ခါးသီးမှာ ဗီတာမင်စီ ကြွယ်ဝတဲ့အတွက်ကြောင့် အသားအရေ တွန့်သွားတာကို လျှော့ချပေးပြီး ငယ်ရွယ်နုပျိုစေပါတယ်။ပြီးတော့ အသားအရေ ပျက်စီးသွားတာကိုလည်း ပြန်လည် ပြုပြင်ပေးပါတယ် anti-oxidant ပါဝင်ပါသေးတယ်။

Source : Freepik
အုန်းရေမှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ သတ္တုဓာက်နဲ့ electrolytes များစွာပါဝင်ပါတယ်။ဒါတွေက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှု နဲ့ စားလိုက်တဲ့အစားအစာတွေကနေ ရရှိတဲ့ အာဟာရဓာတ်တွေကို ဖြန့်ဝေပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်။ပြီးတော့ အုန်းရေမှာ ဆဲလ်တွေ ကြီးထွားမှုကို အကျိုးပြုတဲ့ cytokinin ဆိုတဲ့ အပင် ဟော့မုန်းတမျိုးပါဝင်ပါသေးတယ်။အုန်းသီးတလုံးကို တထောင်ပက်ဝန်းကျင် ဈေးပဲရှိတာကြောင့် နေ့စဉ်မဟုတ်ရင်တောင် တပက်ကို ၃ လုံးလောက် သောက်ပေးသင့်ပါတယ်။
ရှားစောင်း လက်ပက် ကိုလူတွေ တော်တော်များများက အသားအရေအတွက် သုံးကြပါတယ်။ရှားစောင်းလက်ပက် ဖျော်ရည် မှာလည်း အရေးပြားပြန်လည် ဖွံ့ဖြိုးစေတဲ့ antioxidants ပါဝင်တဲ့အတွက် အသားအရေအတွက် သောက်သင့်တဲ့ ဖျော်ရည်ထဲမှာပါပါတယ်။
လေ့လာသူတွေကတော့ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ ကြွက်သားတွေရဲ့ ၁% ကို နှစ်စဉ် ဆုံးရှုံး ရတယ်လို့ ပြောဆိုထားပါတယ်။ ပြီးတော့ ကြွက်သား ကြံခိုင်မှုကလည်း ၁၀နှစ်အတွင်းမှာတင် ၁၂-၁၅ ရာခိုင်နှုန်းထိ ကျဆင်းသွားပါတယ်။Leucine လို့ခေါ်တဲ့ amino acid တမျိုးက ကြွက်သားတွေ ကြီးထွားခြင်းကို အားပေးတဲ့အပြင်၊ သွေးတွင်းသကြားပါဝင်မှုကို ထိန်းညိပေးပါတယ်။နို့ရည်မှာ Leucine အရင်းအမြစ် ကြွယ်ဝစွာပါဝင်တာကြောင့် ကြွက်သား ဆုံးရှုံးမှုကို လျှော့ချဖို့အတွက် န့ိုရည်ကို နေ့စဉ်ပုံမှန် သောက်သင့်ပါတယ်။
