ညအချိန်မှာကောင်းကောင်းအိပ်ပျော်နိုင်ဖို့အတွက် တချို့သောသောက်စရာတွေက ကူညီပေးနိုင်ပါတယ်။ အများစု သိမှတ်မှားနေတဲ့သောက်စရာတွေက အရက်ဘီယာကဲ့သို့ အဖျော်ယမကာတွေပါ။ တကယ့်တော့ အရက်ဘီယာတွေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ အကူညီမပေးနိုင်ပါဘူး။ အရက်ဘီယာထက် ကောင်းစွာအိပ်ပျော်ဖို့ ပိုမိုထိရောက်ပြီး ကျန်းမာရေးကိုလည်းမထိခိုက်စေမယ့် သောက်စရာတွေကတော့ –
(၁) နွားနို့

Source : Pinterest
နွားနို့ပူပူလေးတစ်ခွက်က ကောင်းစွာအိပ်ပျော်ဖို့ကူညီပေးတဲ့သောက်စရာအဖြစ် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက မှီဝဲခဲ့ကြပါတယ်။ နွားနို့မှာပါဝင်တဲ့အမိုင်နိုအက်စစ်ဓာတ်က သင့်ကိုကောင်းစွာအိပ်ပျော်စေဖို့ ကူညီပေးမှာပါ။ ဒါကြောင့် ညအိပ်ရာဝင်ခါနီးအချိန်မှာ နွားနို့ပူပူလေးတစ်ခွက်သောက်သုံးခြင်းဖြင့် သင့်ရဲ့ အိပ်စက်မှုစက်ဝန်းကို မြှင့်တင်နိုင်ပါတယ်။
(၂) ဗလာရီယန် လက်ဖက်ရည်
![]()
Source : Healthline
ဗလာရီယန် (Valerian) အမြစ်ကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် ရာစုနှစ်များစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဗလာရီယန်အပင်ဟာ စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်ခြင်းတွေကို လျော့ချပေးပြီး ကောင်းစွာအိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ ဗလာရီယန်အပွင့်ကို သံပုရာသီးနဲ့ တခြားဆေးဖက်ဝင်အပင်တွေနဲ့ ပေါင်းစပ်ပြီး ရေနွေးထဲထည့် သောက်သုံးပေးမယ်ဆိုရင် အိပ်ပျော်ရခက်ခဲတဲ့ဝေဒနာကို ကုစားနိုင်မှာဖြစ်ပါတယ်။
(၃) အုန်းရေ

Source : iStock
အုန်းရေကို သဘာဝစွမ်းအားဖြည့် သောက်စရာအဖျော်ယမကာအနေနဲ့ သောက်သုံးလေ့ရှိကြပါတယ်။ အုန်းရေမှာပါဝင်တဲ့ မဂ္ဂနီစီယမ် နဲ့ပိုတက်စီယမ်ဓာတ်တွေက ကြွက်သားများကိုဖြေလျော့ရန်ကူညီပေးပြီး အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ နောက်ထပ်အုန်းရေမှာပါဝင်တဲ့ ဗီတာမင် B ဓာတ်က စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့အတွက်လည်း ကူညီပေးပါသေးတယ်။
(၄) ငှက်ပျောသီးဖျော်ရည်

Source : The Spruce Eats
အိပ်စက်ခြင်းကိုအထောက်အကူဖြစ်စေပြီး ကောင်းစွာအိပ်ပျော်စေဖို့ ကူညီပေးမယ့် နောက်ထပ်ဖျော်ရည်တစ်ခုကတော့ ငှက်ပျောသီးဖျော်ရည် (Banana Smoothies) ပဲဖြစ်ပါတယ်။ ငှက်ပျောသီး နဲ့ ဗာဒံစေ့နို့ (almond milk) တို့ကိုရောဖျော်ပြီးသောက်သုံးပေးရမှာဖြစ်ပါတယ်။ အရသာရှိပြီး သောက်လို့ကောင်းတဲ့ ငှက်ပျောသီးဖျော်ရည်မှာ ကြွက်သားတင်းမာမှုတွေများကို ပြေလျော့စေတဲ့ မဂ္ဂနီစီယမ်နှင့်ပိုတက်စီယမ်များစွာပါဝင်တဲ့အတွက် ညအချိန်မှာကောင်းစွာအိပ်ပျော်စေမှာပါ။
