ခရစ်စတိုဖီဒူဂါရီဟာ ပြင်သစ်ရေဒီယိုရှိုးမှာ ဘာစီလိုနာအသင်းအတွက် ဂရစ်ဇ်မန်းရဲ့ ဆိုးရွားတဲ့စွမ်းဆောင်ရည်အကြောင်း ဒေါသတကြီးပြောဆိုခဲ့ရာမှာ မက်ဆီကို အော်တစ်ဇင်တစ်ပိုင်းဖြစ်နေတဲ့ ကစားသမားလို့ ဖော်ပြခဲ့ပြီးနောက် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့နွေရာသီက အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ယူရိုသန်း ၁၂၀ နဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပေမယ့် နူးကမ့်ကို ရောက်ရှိချိန်ကတည်းက ခြေစွမ်းပြသနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

Photo: Daily Mail

လက်ရှိအချိန်မှာ ဂရစ်ဇ်မန်းရဲ့ ဘာစီလိုနာအသင်းက အနာဂတ်ဟာ အင်္ဂါနေ့ညနေက အက်သလက်တီကိုမက်ဒရစ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ပွဲကစားချိန် ၂ မိနစ်အလိုမှာ လူစားဝင်ကစားပေးခဲ့ပြီးနောက် မရေမရာဖြစ်လာခဲ့တာဖြစ်ပါတယ်။RMC Sport မှာ ဂရစ်ဇ်မန်းရဲ့ ဘာစီလိုနာအသင်းအတွက် အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး စကားရည်လုပွဲမှာ ဒူဂါရီက ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ မက်ဆီနဲ့အတူ ကစားဖို့ ကြောက်ရွံ့နေတယ်ဆိုတဲ့ ပြောကြားချက်ကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

“သူက ယုံကြည်ချက်ပျောက်ဆုံးနေခဲ့တယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကလည်း မကောင်းပါဘူး ။လီယွန်နယ်မက်ဆီက သူ့ကို နည်းနည်းပိုပြီး ဘောလုံးပေးပို့မှုတွေ ပြုလုပ်နိုင်တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါက ကျွန်တော့်ကို အံ့အားသင့်အောင် မလုပ်နိုင်ပါဘူး။ ဂရစ်ဇ်မန်းက ဘောလုံးကို ဆုံးရှုံးခဲ့ပြီး ဆိုးဆိုးရွားရွားကစားခဲ့တယ်”

Source : Extra.ie

“ဂရစ်ဇ်မန်းက အသင်းရဲ့ပြဿနာကို ဖြေရှင်းဖို့ မက်ဆီနေရာကို သွားလို့မရနိုင်ပါဘူး။ ဂရစ်ဇ်မန်းက ဘယ်သူ့ကို ကြောက်နေတာ။ ၁.၅၀ မီတာအရပ်ရှိတဲ့ အော်တစ်ဇင်တစ်ပိုင်း ကောင်လေးကိုလား။ တကယ်လို့ ပြဿနာတက်ရင် သူ့ကို ပါးပိတ်ရိုက်လို့ ရပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။