ဒီတစ်ပတ်မှာ အသစ်ရုံတင်ထားတဲ့ ဒမ်ဘို ရုပ်ရှင်ဇာတ်ကားကတော့ ဒစ်စနီကာတွန်းတွေနဲ့ ကြီးပြင်းခဲ့ရသူတွေအတွက် လက်လွှတ်မခံတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကာတွန်းကားကို ပြန်ရိုက်ထားတာ ဇာတ်ကြောင်းက ဒီဇာတ်ကြောင်းပဲလို့ ထင်နေကြပါလိမ့်မယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဇာတ်လမ်းကျောရိုးကိုသာ မှီငြမ်းထားပြီး ကာတွန်းထဲမှာ မပါတဲ့ ဇာတ်ကောင်အများကြီးကို ထည့်သွင်းထားတာ တွေ့မြင်ရမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီလိုပါ။

Source : gq.com

Max Medici လို့အမည်ရတဲ့ ဆပ်ကပ်ပိုင်ရှင်တစ်ယောက်ရှိပါတယ်။ သူ့စီးပွားရေးကအဆင်မပြေတော့ သူ့ရဲ့ဆပ်ကပ်လုပ်ငန်းလည်ပတ်ဖို့ မနည်းရုန်းကန်နေရတာပါ။ သူ့ဆပ်ကပ်ရုံထဲမှာ Dumbo လို့ခေါ်တဲ့ ဆင်ကလေးကို ထိန်းကျောင်းပြီး လူအများရှေ့မှာ ဆပ်ကပ်တင်ဆက်နိုင်ဖို့အတွက်ဆိုပြီး အရင်တုန်းက နာမည်ကြီးကျော်ကြားခဲ့တဲ့ ဆပ်ကပ်ပညာရှင်တစ်ဦးရဲ့ အကူအညီရယူကာ ဆင်ကလေးကို ကြည့်ရှုစောင့်ရှောက်ခိုင်းလိုက်ပါတယ်။ ထိုဆက်ကပ်ပညာရှင်ဟောင်းထံမှာ သားတစ်ယောက်၊ သမီးတစ်ယောက်လည်း ရှိပါတယ်။

Source : polygon.com

ဒမ်ဘိုက သာမန်ဆင်လေးမဟုတ်ဘဲ နားရွက်အကြီးကြီးနဲ့ မွေးလာတဲ့ဆင်လေးဆိုတာ ကာတွန်းကားကြည့်ဖူးသူတိုင်း သိကြမှာပါ။ ဆပ်ကပ်ပညာရှင်နဲ့ သူ့ကလေးတွေက ဒမ်ဘိုကိုထိန်းကျောင်းရတဲ့အချိန် ကြာမြင့်လာတာနဲ့အမျှဒ မ်ဘိုရဲ့ကြီးမားတဲ့နားရွက်ကြောင့် ဒမ်ဘို့မှာ ပျံသန်းနိုင်တဲ့စွမ်းရည်ရှိတာကို သိလိုက်ရတာပေါ့။ အဲ့ဒီလိုနဲ့ ဒမ်ဘိုရဲ့စွမ်းရည်နဲ့ ဆပ်ကပ်တင်ဆက်ပြလိုက်တာ ပရိသတ်တွေက အင်မတန်သဘောကျကြတာကြောင့် သူတို့ရဲ့ဆပ်ကပ်ရုံက တစ်ဖန်ပြန်လည်ဦးမော့လာခဲ့ပါတယ်။

Source : theglobeandmail.com

ဒါပေမဲ့ဇာတ်လမ်းက ဒီမှာတင်ပျော်ရွှင်စရာအဆုံးသတ် ဖြစ်မသွားပါဘူး။ VA လို့ခေါ်တဲ့ အကြီးစား Entertainment တစ်ခုမှ လုပ်ငန်းရှင်သူဌေးတစ်ယောက်ကလည်း ဆင်လေးရဲ့ စွမ်းရည်ကို မျက်စိကျသွားပြီး ထိုဆင်လေးကို သူ့အပိုင်ဖြစ်အောင် ဘယ်လိုကြိုးစားမလဲဆိုတာကို ဇာတ်ရှိန်မြင့်သွားအောင် ရိုက်ကူးထားပါတယ်။ ကလေးနှစ်ယောက်က ဆင်လေးကို လောဘသမားရန်မှ ဘယ်လိုကာကွယ်သွားမလဲ၊ ဆင်လေးကရော ဆပ်ကပ်ရုံထဲမှာပဲ နေရမလား၊ သူ့ရဲ့ သဘာဝအတိုင်း တောကြီးထဲမှာ လွတ်လွတ်လပ်လပ် မနေရတော့ဘူးလား စတဲ့ မေးခွန်းပေါင်းများစွာကို ပိတ်ကားထက်မှာ သွားကြည့်ရင်းအဖြေရှာကြည့်လိုက်ရအောင်။

Source : Disney UK

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square, City Mall, Nay Pyi Taw Cinema, Mingalar Sanpya, Mingalar Gamone Pwint (Hledan – San Yeik Nyein), Mingalar Tamwe (Bayint Naung)

Feature Image Source: empireonline.com