ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်ဟာ တူရင်မှာ ဆေးစစ်ဆေးမှု အောင်မြင်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွေ့ကြေး ပေါင် ၆၂သန်းနဲ့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Photo : Daily Malil
အသက် ၂၂ နှစ်အရွယ် ဆားဘီးယားလက်ရွေးစင်ကစားသမား ဗလာဟိုဗစ်ကို အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေးအများအပြားနဲ့ ခေါ်ယူကြိုးပမ်းခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး အီတလီမှာပဲ ဆက်နေဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဆေးစစ်ဆေးဖို့အတွက် တူရင်ကို ရောက်ရှိလာခဲ့ချိန်မှာ ၎င်းတိုက်စစ်မှူးကို ဂျူဗင်တပ်စ်ကလပ်အသင်း ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲ ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြပါတယ်။

Photo : Daily Malil
ဗလာဟိုဗစ်ဟာ ဒီရာသီမှာ ဖီအိုရင်တီးနားအသင်းအတွက် ၂၄ ပွဲကစားပြီး သွင်းဂိုး ၂၀ အထိသွင်းယူပေးထားတဲ့ အကောင်းဆုံး တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီး ယခု သီတင်းပတ်အစောပိုင်းမှာ ဂျူဗင်တပ်စ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ကာ ၎င်းရဲ့ အသက် ၂၂ နှစ် ပြည့်မွေးနေ့မှာဘဲ ဂျူဗင်တပ်စ်အသင်းကို အပြီးသတ်ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။
အီတလီသတင်းတွေအရတော့ ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ်လုပ်ခလစာ ပေါင် ၅.၈ သန်းနဲ့ နောက်ထပ် အပိုဆုကြေး ပေါင် ၆ သန်း အထိရရှိလိမ့်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Photo : Daily Malil
ဂျူဗင်တပ်စ်အသင်းဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားတဲ့ စီရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့ ဆားဘီးယားသားကို ခေါ်ယူခဲ့တာဖြစ်ပြီး ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်အသင်းမှာ စီရော်နယ်ဒို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ကိုဝတ်ဆင်သွားမှာပဲ ဖြစ်ပါတယ်။
Featured Photo : Daily Malil
