ဂိမ်းဆော့ဖို့ ၊ အွန်လိုင်း အစည်းအဝေးတွေတက်ဖို့နဲ့ အားကစားလုပ်ဖို့အတွက် ကြိုးမဲ့နားကြပ် ကောင်းကောင်းတစ်စုံ ရှိနေပါသလား ? ရွေးချယ်စရာ စုံလင်များပြားလှတဲ့ Bluetooth Earbuds တွေထဲကမှ ဈေးနှုန်းအသင့်အတင့်နဲ့ စွမ်းဆောင်ရည် ကောင်းတဲ့ အမျိုးအစားကို လိုချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ကောင်လေးတွေကို ကွီးတို့ ရွေးချယ်နိုင်ပါတယ်။

(၁) TOZO T6 Truly Wireless

TOZO T6 Truly Wireless Earbuds

Photo : Amazon

TOZO T6 Truly Wireless Earbuds ကတော့ Gym ကစားသူတွေ ၊ အားကစားလုပ်သူတွေအတွက် သင့်လျော်ပါတယ်။ Bass အသံကြမ်းကြမ်း ၊ ကျစ်လစ်ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ ထုတ်ထားပြီး ပတ်ဝန်းကျင်ဆူညံသံတွေကိုလည်း သိသိသာသာ လျှော့ချပေးပါတယ်။ ဈေးနှုန်းကတော့ ၂၆ ဒေါ်လာဝန်းကျင်သာ ရှိပါတယ်။

(၂) JLab Audio JBuds Air Truly Wireless

JLab Audio JBuds Air Truly Wireless
Photo : JLab

အားကစားသမားတွေအကြိုက် နောက်ထပ် Earbuds ကတော့ JLab Audio JBuds Air Truly Wireless ပါ။ ဒီကောင်လေးက နားထဲမှာ တပ်ဆင်အသုံးပြုချိန် အံဝင်ခွင်ကျ ရှိနေစေမှာဖြစ်ပြီး ဖုန်ဒဏ်ရေစိုဒဏ်ခံနိုင်တဲ့ IP55 အဆင့်သတ်မှတ်ချက် ပါရှိပါတယ်။ Build Quality ကောင်းသလို အသံထွက်ကလည်း ပေးရတဲ့ဈေးနဲ့ တန်တဲ့ အရည်အသွေးကို ရမှာပါ။ ဈေးနှုန်းက ၅၇ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။

(၃) Skullcandy Dime 3 True Wireless

skullcandy dime 3 true wireless
Photo : Skullcandy

ဈေးပေါပေမယ့် စွမ်းဆောင်ရည် မပေါတဲ့ Earbuds ဆိုရင်တော့ Skullcandy Dime 3 True Wireless ကို ညွှန်းချင်ပါတယ်။ ရှင်းလင်းပြတ်သားတဲ့ အသံထွက် ကွာလတီကို ပေးစွမ်းနိုင်တဲ့အတွက် သီချင်းနားထောင်ရတာ ကြိုက်တဲ့သူတွေကတော့ သေချာပေါက် ရွေးချယ်သင့်ပါတယ်။ ရိုးရှင်းပြီး အထာကျတဲ့ ဒီဇိုင်းနဲ့ ထုတ်ထားပြီး ဈေးနှုန်းကတော့ ၃၁ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။

(၄) JBL Vibe Buds True Wireless

jbl vibe buds true wireless

Photo : Target

JBL Brand ထဲကဆိုရင် ဈေးသက်သာပြီး အထာကျတဲ့ JBL Vibe Buds True Wireless ရှိပါတယ်။ Budget ဖြစ်ပေမယ့် အသံထွက် ကွာလတီကတော့ လုံးဝအမိုက်စားပါပဲ။ ၄၉ ဒေါ်လာ ဆိုတဲ့ ဈေးတန်းထဲမှာတော့ IP54 အဆင့်သတ်မှတ်ချက်ပါပြီး ကျစ်လစ်ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ အသံထွက်ကောင်းတဲ့ Earbuds ဆိုရင် JBL Vibe Buds True Wireless ကတော့ သေချာပေါက် ရွေးချယ်စရာတစ်ခု ဖြစ်ပါလိမ့်မယ်။

Source : Rtings.com

Featured Photo : Reddit