သင့်ရဲ့မျက်နှာသည် ဝက်ခြံများ၊ အမဲစက်များ၊ အမာရွက်များ၊ အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်းနှင့် ပါးရေတွန့်ခြင်းတို့ကြောင့် စိတ်ညစ်နေရပါသလား။ ဒီလိုစိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် ခရမ်းချဉ်သီးက ကူညီဖြေရှင်းပေးနိုင်ပါတယ်။

ပြုလုပ်ရမယ့်နည်းလမ်းကလည်း လွယ်ကူရိုးရှင်းတာကြောင့် မိမိအိမ်မှာပဲ အလွယ်တကူလိုက်လုပ်နိုင်တဲ့အပြင် ဘေးထွက်ဆိုးကျိုးများကိုလည်း စိတ်ပူစရာမလိုပါဘူး။

ခရမ်းချဉ်သီးနှင့် သံပုယိုရည်ကို ပေါင်းစပ်လိုက်ပါ

tomato and lemon face mask for men

ခရမ်းချဉ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သံပုယိုရည် ၃ စက်၊ ၄ စက်ခန့်ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဝက်ခြံနှင့် အမဲစက်ပေါက်နေသော နေရာတစ်ဝိုက်တွင် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၂ မိနစ်ခန့်အခြောက်ခံပြီးမှ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ မျက်နှာသစ်ပြီးသွားပြီဆိုရင်တော့ သဘာဝလေဖြင့် အခြောက်ခံထားလိုက်ပါ။ ပြီးရင်တော့ Moisturizer ဖြင့် မျက်နှာကို လိမ်းကျံပေးလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်လျှင် ၁ ကြိမ် (သို့) ၂ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။

ခရမ်းချဉ်သီးနှင့် ပျားရည်ကို ပေါင်းစပ်အသုံးပြုပါ

tomato and honey mask for men

ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပြင်ပေါ်တွင် ညီညီညာညာ သုတ်လိမ်းလိုက်ပါ။ ၁၅ မိနစ်ခန့် အခြောက်ခံပြီးမှ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ တစ်ပတ်လျှင် ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီး၊ အုန်းဆီနှင့် ဒိန်ချဉ်

tomato face mask for men

ခရမ်းချဉ်သီး ၁ ခြမ်းကို အနှစ်များရအောင် ချေမွလိုက်ပါ။ ထို့နောက် အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ထပ်မွှေပါ။ ရရှိလာတဲ့အရောအနှောကို မျက်နှာပြင်ပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ မျက်နှာသစ်လိုက်ပါ။ ဒီပေါင်းတင်နည်းကိုတော့ တစ်ပတ်လျှင် ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

စာဖတ်သူအနေဖြင့် အထက်ဖော်ပြပါ နည်းလမ်း (၃) မျိုးထဲမှ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။

Source: Stylecraze.com