မိုးရာသီမှာအဖြစ်အများဆုံး ဦးရေပြားဆိုင်ရာပြဿနာတစ်ခုက ဗောက်ထခြင်းပါ။ ဗောက်ပျောက်စေတဲ့ ခေါင်းလျော်ရည်တွေသုံးပေမယ့်လည်း တစ်ချို့ ဓာတုပစ္စည်းတွေနဲ့ ဓာတ်တည့်တဲ့သူတွေအတွက်တော့ ဦးရေပြားယားယံခြင်း နီမြန်းခြင်းတွေဖြစ်စေနိုင်တာကြောင့် သတိထားဖို့တော့လိုပါမယ်။ ခေါင်းပေါ်မှာ ဗောက်တွေဖွေးနေခြင်းကသင့်ကို ရှိုးပဲ့စေတဲ့အကြောင်းအရင်း တစ်ရပ်ဖြစ်တာကြောင့် ဒီနေ့မှာတော့ ဦးရေပြားပေါ်က ဖွေးနေတဲ့ဗောက်တွေကို သဘာဝအတိုင်းပျောက်ကင်းသက်သာစေမယ့် ပစ္စည်း (၄) မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
(၁) Tea Tree Oil

Source : Prevention
Tea Tree Oil ဟာဝက်ခြံနှင့် အရေပြားဆိုင်ရာ ကျန်းမာရေးအတွက် အလွန်အသုံးတည့်စေတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဦးရေပြားပေါ်မှာ ဗောက်ဖြစ်စေတဲ့ ဘက်တီးရီးယားပေါက်ဖွားခြင်းကို တားဆီးနိုင်ပေးတာကြောင့် ခေါင်းလျော်တဲ့အခါ ရှန်ပူထဲသို့ Tea Tree Oil အနည်းငယ်ရောပြီး လျော်ပေးခြင်းဖြင့် ဗောက်များပျောက်ကင်းသက်သာစေနိုင်ပါတယ်။
(၂) ရှားစောင်းလက်ပတ်

Source : Medical News Today
ရှားစောင်းလက်ပတ်ဟာ အသားအရေကိုရေဓာတ်ဖြည့်တင်းပေးပြီး အသားအရေကြည်လင်အေးမြစေရုံသာမက ဦးရေပြားပေါ်မှာ ဗောက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း နှိမ်နင်းပေးပါတယ်။ ခေါင်းမလျော်ခင် ရှားစောင်းလက်ပတ်အနည်းငယ်ကို ဗောက်ထနေတဲ့ ဦးရေပြားတစ်ဝိုက်သို့ဖြေးငြင်းစွာပွတ်ပေးပါ။ ဦးရေပြားရောင်ရမ်းခြင်းနှင့် ယားယံခြင်းတွေသက်သာစေပြီးဗောက်များကင်းဝေးသွားမှာဖြစ်ပါတယ်။
(၃) ကြက်သွန်ဖြူ

Source : Medical News Today
ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက်အထူးကောင်းမွန်တဲ့ သဘာဝဆေးဖက်ဝင် ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဦးရေပြားပေါ်က ဗောက်များဖြစ်ပေါ်စေတဲ့ မှိုနှင့်အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ဗောက်ပျောက်ကင်းစေဖို့အတွက် ကြက်သွန်ဖြူကိုအသုံးပြုနိုင်ပါတယ်။ အသုံးပြုနည်းကတော့ ကြက်သွန်ဖြူ ၂ မွှာကို ရေနည်းနည်းလေးရောကာကြိတ်ပေးပါ။ အနံ့ပျင်းတာကြောက်တဲ့သူတွေအတွက် ပျားရည်သို့မဟုတ် ဂျင်းအနည်းငယ်ကိုထည့်ပြီးအသုံးပြုနိုင်ပါတယ်။ ရလာတဲ့အရည်ကိုဦးရေပြားတစ်ဝိုက်လိမ်းပြီးနှိပ်နယ်ပေးပါ။ ဗောက်များသိသိသာသာ သက်သာပျောက်ကင်းတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။
(၄) မုန့်ဖုတ်ဆော်ဒါ

Source : FirstCry Parenting
ဗောက်ထခြင်းကိုသက်သာစေမယ့် နောက်ထပ်ပစ္စည်းတစ်ခုက မုန့်ဖုတ်ဆော်ဒါပါ။ မုန့်ဖုတ်ဆော်ဒါကို ဦးရေးပြားထက်မှာ လိမ်းတဲ့အခါခပ်ကြမ်းကြမ်းပွတ်လိမ်းတာမျိုးမလုပ်ပဲ ဖွဖွလေးနှံ့အောင်သေချာလိမ်းပြီး ၁၅ မိနစ်လောက်နှိပ်နယ်ပေးရပါမယ်။ ပိုကောင်းတာကတော့ မုန့်ဖုတ်ဆော်ဒါထဲကို သံပရာသီးတစ်စိတ်လောက်ညှစ်ပြီး လိမ်းပေးပါ။ ဦးရေပြားပေါ်က အညစ်အကြေးနှင့် ဗောက်တွေကို ကောင်းစွာဖယ်ရှားသန့်စင်ပေးပါလိမ့်မယ်။
