ဓာတု မျက်နှာပေါင်းတင်ကပ်ခွာတွေသည် မျက်နှာအဆီပြန်ခြင်းကို လျော့ချပေးနိုင်ပေမယ့် အသားအရေအတွက်လည်း ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ သင့်အနေနဲ့ မျက်နှာကို အဆီပြန်ခြင်းကို လျော့ချပေးနိုင်မယ့် သဘာဝနည်းလမ်းကောင်းများကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါပဲ။

ဒိန်ချဉ်နှင့် သံပုရာသီးအသုံးပြုပါ

homemade face masks for men

ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းကို သံပုယိုသီး (သို့) သံပုရာသီးဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် ညီညီညာညာသုတ်လိမ်းပေးလိုက်ပါ။ ပြီးရင်တော့ ၅ မိနစ်မှ ၁၀ မိနစ်ခန့် ပေါင်းတင်ပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရေနွေးနွေးဖြင့် မျက်နှာသစ်ကာ အဆီမပါဝင်တဲ့ Moisturizer လိမ်းကျံကာ မျက်နှာကို အစိုဓာတ်ဖြည့်တင်းပေးလိုက်ပါ။

ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် တစ်ကြိမ် ပေါင်းတင်ပေးရုံဖြင့် အဆီပြန်ခြင်းကင်းဝေးတဲ့မျက်နှာလေး ပိုင်ဆိုင်နိုင်ပါပြီ။

သခွားသီးဖြင့် ပေါင်းတင်ပါ

homemade face masks for men

သံပုယိုသီး (သို့) သံပုရာသီး စားပွဲတင်ဇွန်း ၂ ဇွန်းကို သခွာသီးဖျော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ နွားနို့အနည်းငယ်လည်း ထပ်ထည့်နိုင်ပါတယ်။ ထို့နောက် မျက်နှာပေါ်တွင် သုတ်လိမ်းကာ ၁၅ မိနစ်မှ မိနစ် ၂၀ အထိ ပေါင်းတင်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရေနွေးနွေး (သို့) ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။ ဒီပေါင်းတင်နည်းသည် အဆီပြန်ခြင်းကို လျော့ချပေးနိုငတဲ့အပြင် သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်ခန့် ပေါင်းတင်ပေးလိုက်ပါ။

ကြက်ဥအကာဖြင့် ပေါင်းတင်ပါ

homemade face masks for men

ကြက်ဥအကာတစ်လုံးနှင့် ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ (ကြက်ဥအနှစ်ကိုတော့ သင့်ရဲ့ဆံကေသာအတွက် အသုံးပြုနိုင်ပါတယ်။) ရရှိလာတဲ့ ဒိန်ချဉ် ကြက်ဥအရောအနှောကို မျက်နှာပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာတဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးရုံမျှဖြင့် အဆီပြန်ခြင်းကင်းဝေးတဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

Source: Doctor.ndtv.com

Featured Image Source: Best-body-scrub.blogspot.com