တစ်ချို့နေ့တွေမှာ စိတ်ဓာတ်တက်ကြွမှုတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးနေတာမျိုး ကြုံဖူးကြပါသလား။ တစ်နေ့တာလုံးကို စိတ်ဓာတ်တက်ကြွစွာနဲ့ ဖြတ်သန်းနိုင်ဖို့ ဆို ကောင်းမွန်တဲ့မနက်ခင်းအစပြုမှုရှိဖို့ အရေးကြီးပါတယ်။

မနက်ခင်းဟာ တစ်နေ့တာလုံးရဲ့အရေးကြီးတဲ့အချိန်ဖြစ်တာကြောင့် အခုပြောမယ့် စိတ်ခွန်အားဖြည့်အလေ့အထတွေကို ပုံမှန်လုပ်ဆောင်သွားမယ်ဆိုရင် တစ်နေ့တာလုံးဟာ အဆင်ပြေချောမွေ့စွာနဲ့ အောင်မြင်စွာဖြတ်သန်းနိုင်မှာပါ။

(၁) အောင်မြင်မှုတွေအကြောင်း ပြန်တွေးပါ

Man Waking Up Morning Sitting on Bed

Photo : The Telegraph

သင်ဘဝမှာ ဘယ်လိုအကောင်းဆုံးရလဒ်တွေ ရခဲ့ပြီးပြီလဲ?။ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျောက်လုံးမှာ သင်ရခဲ့တဲ့အောင်မြင်မှုတွေအကြောင်း အချိန် ၅ မိနစ်လောက်ပေးပြီးပြန်တွေးကြည့်ပါ။ ရှေ့ဆက်ပြီး အောင်မြင်မှုစံချိန်သစ်တွေချိုးနိုင်ဖို့ ခွန်အားသစ်တွေရလာပါလိမ့်မယ်။

(၂) အပြုသဘောဆောင်တဲ့ အရာတွေလုပ်ပါ

young caucasian man has morning coffee, sits crossed legs on bed

Photo : Freepik

သင့်စိတ်ကိုလှုံ့ဆော်ပေးနိုင်မယ့် အပြုသဘောဆောင်တဲ့အရာတွေ လုပ်ပါ။‌ မနေ့ကသင် အကောင်းဆုံးဖြတ်သန်းခဲ့အတွက် ကိုယ့်ကိုယ်ကိုချီးမွှန်းစကားပြောတာမျိုး ၊ စိတ်ခွန်အားဖြည့် စာတိုလေးတွေကိုဖတ်တာမျိုး ၊ စိတ်တက်ကြွစေမယ့် သီချင်းတစ်ပုဒ်ဖွင့်ပြီး နားထောင်လိုက်တာမျိုး စသည်ဖြင့်ပေါ့။ အပြုသဘောဆောင်တဲ့ အရာတွေနဲ့ မနက်ခင်းကိုအစပြုဖို့က အရေးကြီးတာပါ။

(၃) စာအုပ်မှာချရေးပါ

 A man writing in a notebook

Photo : Men’s Journal

မနက်ခင်းအချိန်ဟာ ဦးနှောက်ရဲ့အလန်းဆန်းဆုံးအချိန်ဖြစ်တဲ့အတွက် အတွေးအခေါ်ကောင်းတွေ ၊ အိုင်ဒီယာအသစ်တွေထွက်လေ့ရှိပါတယ်။ သင့်ခေါင်းထဲပေါ်လာတဲ့ အတွေးအခေါ်တွေ ဖန်တီးချင်တဲ့အရာတွေ အသစ်အဆန်းအိုင်ဒီယာတွေကို သင့်ရဲ့စာအုပ်မှာချရေးထားပါ။ ဒီလိုကိုယ့်ရဲ့အတွေးတွေကို ချရေးတာဟာ စိတ်ကိုရှင်းလင်းစေပြီး၊ တစ်နေ့တာအတွက် တွေးခေါ်မှုနဲ့အာရုံစိုက်နိုင်စွမ်းတွေလည်း တိုးတက်စေပါတယ်။

(၄) ပျော်ရွှင်စေမယ့် အရာတစ်ခုလုပ်ပါ

Young Man Looking At Sunrise

Photo : iStock

သင့်ကို ပျော်ရွှင်စေတဲ့အရာတစ်ခုလုပ်ဖို့ မနက်တိုင်းအချိန် နည်းနည်းလောက်ထားလိုက်ပါ။ အကြိုက်ဆုံးစာအုပ်မှ အခန်းတစ်ခန်းကိုဖတ်လိုက်တာ၊ နေထွက်တာကိုထိုင်ကြည့်တာ ၊ ပန်းချီတစ်ပုံဆွဲလိုက်တာ စသည့်ဖြင့် သင့်ကိုပျော်ရွှင်မှုခံစားရစေမယ့် အရာတစ်ခုလုပ်ကြည့်ပါ။ ပျော်ရွှင်မှုက ကျွန်တော်တို့ရဲ့အလုပ်လုပ်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ကိုတိုးတက်စေပြီး ကောင်းမွန်တဲ့တစ်နေ့တာကို စိတ်သစ်လူသစ်နဲ့လန်းဆန်းစွာ ဖြတ်သန်းနိုင်မှာပါ။

Featured Photo : Men’s Health