ဆောင်းရာသီရောက်ချိန်မှာ လူအတော်များ ကြုံတတ်တဲ့ အရေပြားပြဿနာတစ်ခုက အသားပတ်/အသားခြောက်တာပါပဲ။ အသားခြောက်တာဟာ ရာသီဥတုအပြောင်းအလဲကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ အသားခြောက်ရတဲ့ အကြောင်းရင်းတွေက ရာသီဥတုအပြောင်းအလဲကြောင့်အပြင် ပူလွန်းတဲ့ ရေကို ချိုးတာ ၊ Skincare ထုတ်ကုန်သုံးစွဲမှု မှားတာတွေကြောင့်လည်း ဖြစ်တာပါပဲ။

Hot Showers လို့ခေါ်တဲ့ ပူလွန်းတဲ့ ရေချိုးတာကြောင့် အသားပတ်ရင် တတ်နိုင်သလောက် Hot Shower ရှောင်ကြဉ်ဖို့ လိုပါတယ်။ Hot Shower ချိုးပြီးတိုင်း သင့်တော်တဲ့ Skincare ထုတ်ကုန်တွေ သုံးသင့်ပါတယ်။ သုံးရမယ့် Skincare အမျိုးအစားကိုတော့ အသားအရေနဲ့ အလှအပရေးရာကျွမ်းကျင်သူတွေဆီမှာ အကြံတောင်းဖို့ လိုပါတယ်။ တကယ်လို့ ရာသီဥတုအေးတဲ့ ဆောင်းတွင်းလို အချိန်မျိုးမှာ အသားပတ်တတ်ရင်တော့ အပြင်ထွက်တိုင်း တတ်နိုင်သမျှ အသားအရေကို လုံအောင် ဖုံးဝတ်သင့်ပါတယ်။

Shower

Photo: Unsplash

အရေပြားအစိုဓါတ် ထိန်းသိမ်းနိုင်ဖို့အတွက် လက်အိတ်ဝတ်တာ ၊ မာဖလာပတ်တာမျိုး လုပ်ပါ။ ဒီလိုမျိုး အဝတ်အစားတွေ လုံအောင် ဝတ်ခြင်းက ရာသီဥတုပူနွေးလာတဲ့အခါမှာ အရေပြားကို အစိုဓါတ် ထိန်းသိမ်းပြီး ဖြစ်စေမှာပါ။ အသားပတ်တတ်သူတွေအတွက် နံပါတ်တစ် အရေးကြီးဆုံးအချက်က အသားမပတ်အောင် ကာကွယ်ဖို့ အစိုဓါတ်မှန်အောင် ထိန်းထားဖို့ပါပဲ။

အသားအရေအစိုဓါတ်ထိန်းသိမ်းဖို့အတွက် Skin Type ပေါ်မှာ မူတည်ပြီး သင့်ရာ အစိုထိန်းခရမ် Moisturizer ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ အသားမပတ်ဖို့ဆို ဆောင်းမဝင်ခင်ကတည်းက Moisturizer ဆောင်ထားပြီး ပုံမှန်လေး လိမ်းပေးထားသင့်ပါတယ်။ အသားပတ်တာကို ရှောင်ဖို့ လိမ်းမယ့် Moisturizer ဟာ ရေဓါတ်ဖြည့်တင်းနိုင်တဲ့ Hyaluronic Acid ၊ Ceramides ၊ Aloe Vera နဲ့ Shea Butter တို့လို ပါဝင်ပစ္စည်းတွေဖြစ်ဖို့လည်း လိုပါတယ်။

ဒီလို ပါဝင်ပစ္စည်းတွေ သုံးထားတဲ့ Moisturizer ထုတ်ကုန်တွေဟာ အရေပြား အစိုဓါတ်ထိန်းနိုင်သလို ရေဓါတ်လည်း ပြည့်တင်းစေမှာ ဖြစ်ပါတယ်။ တချို့ ကိုယ်တိုက်ဆပ်ပြာတွေမှာလည်း Moisturizer လိုမျိုး ပါဝင်ပစ္စည်းတွေပါတတ်ပါတယ်။ ဒါကြောင့် ရေချိုးဆပ်ပြာဝယ်မယ်ဆိုရင်လည်း Moisturizer မှာ သုံးတဲ့ Ingredients တစ်မျိုး နှစ်မျိုးပါတာ ဝယ်ဖို့ တိုက်တွန်းချင်ပါတယ်။

Skin care products

Photo: Unsplash

နောက်ဆုံးတစ်ချက်ကတော့ ရေချိုးချိန်ကို ၁၀ မိနစ်ထက် မကြာစေဖို့ ဖြစ်ပါတယ်။ ဆောင်းရာသီ အချမ်းပြေပြီး ဇိမ်ကျကျ ရေချိုးနိုင်ဖို့ Hot Water ချိုးတယ်ဆိုရင်လည်း အရေပြားပေါ်က အစိုဓါတ်တွေ မဆုံးရှုံးစေဖို့ ရေချိုးတဲ့ကြာချိန်ကို ပုံမှန်ထက် လျှော့ချဖို့လည်း အကြံပေးချင်ပါတယ်။

Featured Photo: Apexskin