သူငယ်ချင်းတို့ရေ…အမျိုးသမီးတွေသာမဟုတ်ဘဲ အမျိုးသားတွေကလည်း လှချင်ကြတာပါပဲ။ ဒီလိုလှချင်လို့လည်း အသားအရေထိန်းသိမ်းတဲ့ အလှကုန်တွေကို ဈေးကြီးပေးပြီးတော့ ဝယ်သုံးနေကြတာပဲ မဟုတ်ပါလား။

ပိုက်ဆံအကုန်ခံပြီး အသားအရေကိုထိန်းသိမ်းနေကြတဲ့အထဲကမှ ဝက်ခြံတွေပေါက်လာရင် အင်မတန်ကိုစိတ်ညစ်စရာကောင်းလွန်းပါတယ်။ ဝက်ခြံတွေပျောက်သွားပြန်တော့လည်း ကျန်နေသေးတဲ့အဆီတွေကို ဖယ်ရှားရမယ့်အလုပ်က မပြီးပြတ်နိုင်သေးပါဘူး။

ဒါပေမယ့် စိတ်မပူပါနဲ့။ အဆီပြန်တတ်တဲ့ မျက်နှာကို ထိန်းသိမ်းနိုင်ဖို့အတွက် အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေကို သိထားမယ်ဆိုရင်တော့ မခက်ခဲတော့ပါဘူး။

၁။ အဆီပြန်တဲ့အသားအရေအတွက်ထုတ်တဲ့ မျက်နှာသစ်ဆေးအသုံးပြုပါ

Source: Reader’s Digest

ကိုယ်က သူများတွေလိုမဟုတ်ဘဲ အဆီပြန်တဲ့အသားအရေရှိတယ်ဆိုရင်တော့ အခြားသူတွေရဲ့မျက်နှာသစ်ဆေးယူသုံးတာ ဒါမှမဟုတ် အလွယ်လေး ဆပ်ပြာတုံးနဲ့ မျက်နှာသစ်လိုက်တာတွေဟာ လုံးဝရှောင်ရှားသင့်တဲ့ ကိစ္စတစ်ခုပါ။

၂။ တစ်နေ့ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက်ပိုပြီး မျက်နှာမသစ်ပါနဲ့

Source: The Manual

မျက်နှာမှာ အဆီတွေစုနေလို့ မကြာမကြာ ယားယံသလိုဖြစ်နေပြီး မျက်နှာခဏခဏသစ်နေပါသလား။ ဒီလိုခံစားရရင် အတတ်နိုင်ဆုံး အောင့်အည်းထားလိုက်ပါ။ ကိုယ့်အသားအရေအတွက် ကိုက်ညီမှုမရှိတဲ့ မျက်နှာသစ်ဆေးတွေကို အသုံးပြုသလိုပဲ မကြာမကြာ မျက်နှာသစ်ခြင်းကလည်း အသားအရေကို နီရဲစေကာ အဆီပိုထွက်စေပါတယ်။

၃။ အလွန်ပူတဲ့ရေကို အသုံးပြုပြီး မျက်နှာမသစ်ပါနဲ့။

Source: myplumberca.com

ရေပူပူနဲ့ မျက်နှာသစ်ခြင်းက မျက်နှာအဆီကို ပိုထွက်စေတာကြောင့် အလွန်ပူတဲ့ရေအစား ကြက်သီးမွှေးညှင်းထရုံရေနွေးနွေးလေးကိုသာ အသုံးပြုပြီး မျက်နှာသစ်ပါ။

၎။ အသားအရေစိုစိုလေးဖြစ်နေချိန်မှာ Moisturizer သုံးပေးပါ။

Source: Marilyn Denis

မျက်နှာသစ်ဖို့တော့ မမေ့နိုင်ကြပေမယ့် တခါတလေမှာတော့ အသားအရေကိုစိုပြေစေမယ့် Moisturizer အသုံးပြုဖို့ကို မေ့သွားတတ်ကြပါတယ်။ ကိုယ့်မျက်နှာလေးလည်း သူများတွေလို လှလှလေးဖြစ်စေဖို့အတွက် မျက်နှာသစ်ပြီးလို့ အစိုဓာတ်လေးနည်းနည်းရှိနေချိန်မှာ Moisturizer သုံးပေးပါ။

၅။ Sunscreen သုံးပါ။

Source: Reader’s Digest

Sunscreen ကိုအသုံးပြုခြင်းဟာ နေလောင်ဒဏ်မှ အသားအရေကို ကာကွယ်ပေးနိုင်ရုံသာမက ချွေးပေါက်ကျဉ်းစေခြင်းနှင့် အရေးအကြောင်းတွေကိုပါ သက်သာစေမှာဖြစ်ပါတယ်။

၆။ မျက်နှာပေါင်းတင်ကပ်ခွာအသုံးပြုပါ

Source: The Independent

အဆီပြန်တဲ့အသားအရေကို ထိန်းသိမ်းဖို့အတွက် မျက်နှာပေါင်းတင်ကပ်ခွာတွေက အသုံးဝင်ပါတယ်။ ရွံ့စေးမျက်နှာပေါင်းတင်ကပ်ခွာတွေကတော့ အဆီတွေကိုစုပ်ယူနိုင်ပြီး အဆီတွေကိုဖယ်ရှားပေးတာကြောင့် အဆီပြန်တတ်တဲ့အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။

Credit: advice.paulaschoice.sg