အိမ်မှာအေးဆေးအနားယူရတဲ့အချိန်တွေကို အများစုကြိုက်ကြတယ်ဆိုပေမယ့် အခုလို Stay Home ကာလမှာတော့ အိမ်မှာနေရတဲ့ရက်ရှည်လာတာနဲ့အမျှ လူတိုင်းလိုလိုပျင်းရိငြီးငွေ့ခြင်းတွေ ခံစားလာကြရပါတယ်။ ဒါကြောင့် အိမ်မှာနေရင်အပျင်းပြေစေဖို့ နည်းလမ်းကောင်းတချို့ကိုစာဖတ်ပရိသတ်တွေအတွက်မျှဝေပေးချင်ပါတယ်။

(၁) ပန်းချီဆွဲပါ

Source : LiveAbout

ပန်းချီဆွဲခြင်းက တကယ့်ကိုစိတ်အပန်းပြေစေပြီး သင့်ရဲ့ဖန်တီးမှုစွမ်းရည်ကိုမြင့်တက်စေနိုင်တဲ့ ဝါသနာကောင်းလေးဖြစ်ပါတယ်။ ပန်းချီဆွဲနေချိန်မှာ စိတ်အာရုံတွေ အတွေးတွေပြန်လွင့်နေမှုကိုထိန်းချုပ်ပေးပြီး စိတ်ကိုတည်ငြိမ်စေတာကြောင့် မကောင်းတဲ့စိတ်ခံစားမှုတွေ စိတ်ဖိစီးမှုတွေလည်းလျော့ကျစေပါတယ်။ဒါကြောင့် အလုပ်စရာလည်းထွေထွေထူးထူးမရှိဘူး။ အပျင်းလည်းပြေချင်တယ်ဆိုရင် ပန်းချီဆွဲကြည့်ပါ။ အကယ်၍ကိုယ်က တခြားသောအနုပညာဆန်တဲ့အရာလေးတွေဝါသနာပါတယ်ဆိုရင် ကဗျာရေးတာ တူရိယာတစ်ခုခုတီးခတ်တာတွေလည်းလုပ်နိုင်ပါတယ်။

(၂) ရုပ်ရှင်ကြည့်ပါ

Source : Nova

အရင်က အလုပ်တွေကျောင်းတွေနဲ့ အားလပ်ချိန်မရခဲ့လို့ လွတ်သွားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေရှိခဲ့ရင် အခုလိုအားလပ်ချိန်များများရတဲ့အချိန်မှာ အတိုးချပြီးပြန်ကြည့်ပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ ဇာတ်ကားအမျိုးအစားကို စိတ်ကြိုက်ရွေးချယ်ပြီး ကြည့်လို့ရတာဆိုတော့ အက်ရှင်ကားပဲကြည့်မလား ၊ ရယ်စရာဟာသကားပဲကြည့်မလား ၊ သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေပဲကြည့်မလား အဆင်ပြေပါတယ်။

(၃) အိမ်သန့်ရှင်းရေးလုပ်ပါ

Source : Verywell Health

အိမ်သန့်ရှင်းရေးလုပ်တာက ပျင်းရိခြင်းတွေကိုဖယ်ရှားပေးမယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အချိန်ကုန်ပြီး စိတ်ဖိစီးမှုလျော့ကျစေတဲ့ အထိရောက်ဆုံး နည်းလမ်းကောင်းလေးလည်းဖြစ်ပါတယ်။ဒါကြောင့် အိမ်မှာနေရတာပျင်းလာပြီဆိုရင် အိမ်သန့်ရှင်းရေးလုပ်ပါ။ ပစ္စည်းတွေနေရာပြန်ချပြီး ကိုယ့်အိမ်ခန်းလေးကို သပ်သပ်ရပ်ရပ်ပြင်ဆင်ကြည့်ပါ။

(၄) အင်္ဂလိပ်စာလေ့လာပါ

Source : Bluewin

အင်္ဂလိပ်စာရဲ့အရေးပါမှုကိုလူတိုင်းသိထားပြီဖြစ်ပါလိမ့်မယ်။ ဘာသာစကားတစ်ခုခုကျွမ်းကျင်တက်မြောက်ခြင်းက ကောင်းမွန်တဲ့အခွင့်အလမ်းကောင်းတွေရရှိဖို့ ရာခိုင်နှုန်းပိုများပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းသာမက ပေါင်းသင်းဆက်ဆံရေးမှာပါ တိုးတက်လာစေနိုင်ပြီးမိတ်ဆွေတိုးစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တာကြောင့် အိမ်မှာနေရင်း အင်္ဂလိပ်စာလေ့လာကြည့်ဖို့ အကြံပြုပါရစေ။