လေ့လာမှုတွေအရ အမျိုးသားအများစုဟာ အသားအရေထိန်းသိမ်းခြင်းလုပ်ငန်းစဉ်အတွက် အချိန်အများကြီးမပေးဘဲ ငယ်ရွယ်နုပျိုစေမယ့် နည်းလမ်းတွေကို သိချင်ကြပါတယ်။ စာဖတ်သူကွီးတို့လည်း ထို့နည်းတူဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့ဆောင်းပါးမှာတော့ အမျိုးသားတို့အတွက် ကျန်းမာပြီးငယ်ရွယ်နုပျိုတဲ့ပုံပေါက်စေမယ့် လျို့ဝှက်ချက်တချို့ ကိုဖော်ပြပေးလိုက်ပါတယ်.

(၁) ရေခပ်နွေးနွေးသုံးပါ

Young Man Showering in Bathroom

Photo : Rocky Mountain Barber Company

ကြက်သီးနွေးရေဖြင့် မျက်နှာသစ်ခြင်း ရေချိုးခြင်းက အသားအရေပေါ်ရှိအညစ်ကြေးများကို ထိရောက်စွာဖယ်ရှားသန့်စင်ပေးပြီး ငယ်ရွယ်နုပျိုတဲ့ရုပ်ရည်အသွင်ပြင်ကို ရစေပါတယ်။ သတိပြုရမှာပါ အရမ်းပူတဲ့ရေမျိုး မဖြစ်ဖို့ပါပဲ။ နောက်ပြီး ရေချိုးတဲ့အခါမှာ အချိန်အကြာကြီး ချိုးတာက အသားအရေခြောက်သွေ့စေပြီး အရေးကြောင်းများဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ၁၀ မိနစ်ခန့်အချိန်က အသင့်တော်ဆုံး ရေချိုးရန်ကြာချိန် ဖြစ်ပါတယ်။

(၂) မှန်ကန်သောမျက်နှာသန့်စင်ဆေးသုံးပါ

Man washing face with facial cleanser face wash soap in bathroom sink at home

Photo : Pinterest

ကိုယ်တိုက်ဆပ်ပြာတုံးတွေဟာ ပါးလွှာတဲ့မျက်နှာအရေပြားအတွက်တော့ အလွန်ပြင်းထန်တဲ့ ဆပ်ပြာတွေလို့ ဆိုရမှာပါ။ အကောင်းဆုံးက ကိုယ့်မျက်နှာအသားအရေနဲ့ ကိုက်ညီမှုရှိတဲ့ မျက်နှာသန့်စင်ဆေးကိုသာ အသုံးပြုဖို့အကြံပြုချင်ပါတယ်။ ဒါမှလည်း သင့်မျက်နှာပေါ်က အညစ်ကြေးနှင့် ချွေးပေါက်တွေကို ထိထိရောက်ရောက်ဖယ်ရှားသန့်စင်ပေးပြီး အသားအရေခြောက်သွေ့ခြင်းနှင့် ယားယံခြင်းမဖြစ်စေမှာပါ။

(၃) သင့်အသားအရေကိုဂရုစိုက်ပါ

Men Drying Human Face Towel

Photo : Barbermania

အပေါ်မှာပြောခဲ့သလိုပဲ မျက်နှာအသားအရေးဟာ အလွန်ပဲနုနယ်ပါးလွှာတဲ့အတွက် လုံလောက်တဲ့ ဂရုစိုက်မှုမရှိပါက အရေးအကြောင်းများဖြစ်ပေါ်လာဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ငယ်ရွယ်နုပျိုတဲ့ အသားအရေကိုရဖို့အတွက်ဆိုရင် လိုက်နာရလွယ်ကူတဲ့အချက်အချို့ရှိပါတယ်။

  • မျက်နှာသန့်စင်ဆေးသုံးတဲ့အခါ ညင်သာစွာပွတ်လိမ်းပြီး ဆေးကြောပါ
  • နူးညံ့ပြီးခြောက်သွေ့တဲ့ မျက်နှာသုတ်ပုဝါကို အသုံးပြုပါ
  • မျက်နှာအသားအရေးကို ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်ခြင်း ၊ သုတ်ခြင်းတို့ကိုရှောင်ကြဉ်ပါ
  • Moisturizer နှင့်အခြား lotion များကို ပုံမှန်ဂရုတစိုက်လိမ်းပေးပါ

(၄) Eye Cream လိမ်းပါ

Man putting under eye cream on face taking care of his skin

Photo : Gentleman’s Thought

အမျိုးသားတွေအနေနဲ့ Eye Cream လိမ်းဖို့အမှန်တကယ်လိုအပ်ပါသလား။ သင်က ငယ်ရွယ်ပြီး နုပျိုလန်းဆန်းတဲ့ အသွင်ကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Eye Cream မဖြစ်မနေလိမ်းပေးဖို့လိုပါတယ်။ Eye Cream ဟာ မျက်လုံးတစ်ဝက်က အရေးအကြောင်းများကို လျော့ပါးသက်သာစေပြီး ငယ်ရွယ်တက်ကြွတဲ့အမျိုးသားတစ်ယောက်အသွင်ကိုရစေမှာပါ။

(၅) ကျန်းမာတဲ့နေထိုင်မှု ပုံစံအသစ်ကိုမွေးမြူပါ

Man jumping rope in the gym room

Photo : Healthline

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း ၊ ကျန်းမာရေးနှင့် ညီညွှတ်မျှတအောင်စားခြင်း ၊ တစ်ရက်ကို ၇ နာရီပြည့်အောင် အိပ်စက်အနားယူခြင်း စတဲ့အလေ့အထတွေဟာ ငယ်ရွယ်နုပျိုခြင်းအတွက် လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ကျန်းမာပြီး ငယ်ရွယ်နုပျိုတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကျန်းမာတဲ့နေထိုင်မှုပုံစံတွေကို သေသေချာချာလိုက်နာဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Larastock