မျက်နှာပေါ်က ဝက်ခြံတွေကြောင့် စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် ကိုယ့်မျက်နှာပေါ်က ဝက်ခြံတွေကို အပြီးတိုင်နှုတ်ဆက်နိုင်မယ့် နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

ဒီနည်းလမ်းများကို လိုက်နာကျင့်သုံးပါက သင် ခံစားနေရတဲ့ ဝက်ခြံများအားလုံး ယူပစ်သလိုပျောက်ကွယ်သွားပါလိမ့်မယ်။

ကိုယ့်မျက်နှာကို လက်နဲ့ မထိပါနဲ့

tips for men with acne

သင့်ရဲ့လက်မှာ ဘက်တီးရီးယားပိုးမွှားပေါင်းစုံ ခိုကပ်နေတာဖြစ်ပါတယ်။ မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာကို ထိတွေ့ကိုက်တွယ်တဲ့အခါ ချွေးပေါက်များ ပိတ်ဆို့သွားပြီး ဝက်ခြံဖုများ ဘွားခနဲ ပေါ်ထွက်လာနိုင်ပါတယ်။ ဒါ့ကြောင့် မျက်နှာသစ် သန့်စင်တဲ့အချိန်ကလွဲရင် ကိုယ့်ရဲ့လက်ကို မျက်နှာနဲ့ မထိတွေ့မိပါစေနဲ့။

အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်ကို ပုံမှန်လျှော်ဖွပ်ပါ

tips for men with acne

သင့်ရဲ့ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်ကို ဘယ်နှကြိမ် တစ်ခါလောက် လျှော်ဖွပ်ဖြစ်ပါသလဲ။ ထိုအိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်မှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်များ၊ အညစ်အကြေးများနဲ့ ဘက်တီးရီးယားများသည်လည်း သင့်မျက်နှာပေါ်မှာ ဝက်ခြံပေါက်စေပါတယ်။ ဒါ့ကြောင့် အိပ်ရာခင်းနဲ့ ခေါင်းအုံးတို့ကိုလည်း တစ်ပတ် တစ်ကြိမ်ခန့်  ပုံမှန်လျှော်ဖွပ်ဖို့လိုအပ်ပါတယ်။

ကာဖိန်း၊ သကြားနှင့် အရက် သောက်သုံးမှုကို လျော့ချပါ

tips for men with acne

သင့်အသားအရေသည် အမြဲတမ်းရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝခြင်းသည် မျက်နှာပေါ်ရှိ ဝက်ခြံများကို သက်သာစေပြီး အသားအရေအလှပအတွက်လည်း ကောင်းမွန်ပါတယ်။ အချိုဓာတ် လွန်ကဲခြင်း၊ ကာဖိန်းဓာတ် သောက်သုံးမှုများပြားခြင်း၊ အရက် အလွန် အကျွံ သောက်သုံးခြင်းတို့သည် ရေဓာတ် ခမ်းခြောက်စေပြီး အသားအရေကို ရောင်ရမ်းစေပါတယ်။ ဝက်ခြံပေါက်သူများကိုလည်း ပိုမိုအခြေ အနေဆိုးလာစေတာကြောင့် ထိုအရာများကို လုံးဝမဖြတ်ပစ်နိုင်ရင်တောင်မှ အနည်းငယ် လျော့သင့်ပါတယ်။

Skincare မှန်မှန်ပြုလုပ်ပါ

tips for men with acne

ဝက်ခြံပေါက်တဲ့ ယောကျာ်းများသည် ဝက်ခြံမပေါက်သူတွေထက် Skincare ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ Skincare ပြုလုပ်တဲ့နေရာမှာလည်း အဆင့်တွေ အများကြီး မပြုလုပ်နိုင်ရင်တောင်မှ တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ခြင်း၊ မျက်နှာသစ်ပြီးတဲ့နောက်မှာ တိုနာလိမ်းပေးခြင်း၊ တိုနာလိမ်းပြီးတဲ့နောက်မှာ Moisturizer လိမ်းပေးခြင်း စတဲ့ အဆင့် (၃) ဆင့်ကို ပုံမှန် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

နောက်ထပ် သတိထားသင့်တဲ့အရာကတော့ ဝက်ခြံပျောက်သွားလို့ဆိုပြီး ကိုယ့်ရဲ့ ပုံမှန်ပြုလုပ်နေကျ Skincare ကို ရပ်တန့်ပစ်လိုက်လို့မဖြစ်ပါဘူး။ ကိုယ် နေ့စဉ်ပြုလုပ်နေကျအတိုင်း မှန်မှန်ပြုလုပ်ပေးသွားဖို့လိုအပ်ပါတယ်။

Source: Brickellmensproducts.com

Featured Image Source: Stryx.com