သင့်အနေနဲ့ တနေလုံးအလုပ်လုပ်နေရင်း နေ့ခင်းဘက်အလုပ်စားပွဲမှာ အိပ်ငိုက်လာတဲ့အထိဖြစ်လာပြီဆိုရင် ဒါက သင့်ရဲ့စွမ်းအင်ကျဆင်းသွားတဲ့ သဘောပါ။ အဲ့အချိန်သင်က ကော်ဖီတခွက်သောက်တာဖြစ်ဖြစ် သောက်စရာတခုခုနဲ့သင့်ရဲ့စွမ်းအင်ကို ပြန်မြှင့်တာကိုဖြစ်ဖူးမှာပါ။ ဒီလို ပင်ပန်းနွမ်းနယ်သလိုခံစားလာတဲ့အချိန် သင့်ကိုကူညီနိုင်မယ့် နည်းလမ်းလေး တွေရှိပါတယ်။ ဆက်ဖတ်ကြည့်လိုက်ပါဦး။
(၁) မနက်စာစားပါ
Source : Wallpaper Flare
ပထမဆုံးအနေနဲ့ နေ့လည်ဘက်မှာစွမ်းအင်ကျလာခြင်းက မနက်စာမစားခြင်းကြောင့်ဖြစ်ပါတယ်။ သင့်ရဲ့ မနက်ခင်းကို အဟာရပြည့်ဝတဲ့မနက်စာနဲ့စတင်ပါ။ ကလေးတွေကိုမနက်စာစားဖို့သင်ပေးနေပေမယ့် လူကြီးတွေ ကိုယ်တိုင်မနက်စာမစားမိတာကြပါဘူး။ မနက်စာကသင့်ရဲ့စွမ်းအင်းကိုကောင်းစွာပြည့်စေတဲ့အတွက် နေ့တ ဝက်မကုန်ခင်နွမ်းနယ်လာတာမျိုးမဖြစ်အောင် ကူညီပေးပါတယ်။
(၂) လမ်းထလျှောက်ပါ
Source : iStock
နေ့လည်စားပြီးအလုပ်ပြန်ဝင်တဲ့အခါ ချက်ချင်းမထိုင်သေးဘဲလမ်းလျှောက်ပေးပါ။ ဒါမှမဟုတ် အိပ်ငိုက်လာတာရင် လှေကားအတက်အဆင်းလုပ်ပေးလို့ရပါတယ်။ ကွန်ပျူတာစခရင်ကိုပဲကြည့်နေမယ့်အစား တခြားတနေက အပြင်ရှုခင်းတွေကြည့်ပေးပါ။ အပြင်ထွက်ဖို့အဆင်မပြေရင်လဲ အလုပ်စားပွဲမှာပဲ အသက်ရှူလေ့ကျင့် ခန်းလုပ်တာမျိုးလုပ်လို့ရပါတယ်။
(၃) ရေသောက်ပါ
Source : Runtastic
ရေအေးဖြစ်စေ၊ ရိုးရိုးရေဖြစ်စေ ရေတခွက်လောက်သောက်လိုက်တာက သင့်ကိုလန်းဆန်းသွားစေပါတယ်။ သံပုရာသီးတစိတ်လောက်ညှစ်ထည့်ပြီးသောက်ရင်တော့ အကောင်းဆုံးပါ။ ရေတခွက်က သဘာဝအတိုင်းသင့် energy ကိုမြှင့်ပေးမယ့် ဆေးတခွက်ပါပဲ။
(၄) မှန်ကန်တဲ့သရေစာစားပါ
Source : Good Neighbor Pharmacy
တကယ်လို့ သင်ကမနက်စာနဲ့နေ့လည်စာကိုကောင်းကောင်းမစားမိဘူးဆိုရင် အချိန်ခနယူပြီး သရေစာကောင်းကောင်းစားပေးပါ။ မှန်ကန်တဲ့သရေစာဆိုတာ လတ်ဆတ်တဲ့သစ်သီးတွေ၊ အခွံမာသီးတွေနဲ့ ချိစ်ခရက်ကာတွေပါပါတယ်။ ဒါတွေက နေ့ခင်းဘက် သင့်ရဲ့စွမ်းအင်ကိုမြှင့်စေတဲ့အစာတွေပါပဲ။