ကိုယ့်ရဲ့ မီးဖိုချောင်မှာ အချက်အပြုတ်တာဝန်ယူထားတဲ့ အမျိုးသားများရှိကြပါလိမ့်မယ်။ သင်ရော ထိုအမျိုးသားတွေထဲက တစ်ယောက်ဖြစ်ပါသလား။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ အိမ်သားများအတွက် အရသာရှိတဲ့အစားအစာများကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို အမြဲတမ်းတွေးတောနေတဲ့ အကျင့်ရှိပါလိမ့်မယ်။

အစားအစာများကို အရသာရှိအောင် ချက်ပြုတ်နိုင်ဖို့အတွက် ပါဝင်ပစ္စည်းများကို ကောင်းစွာအသုံးချတတ်ဖို့လိုပါတယ်။ ဖျော်ရည်ယမကာများဖြစ်တဲ့ ဝီစကီ၊ ဝိုင်တို့သည်လည်း အရသာရှိတဲ့အစားအစာများ ဖန်တီးနိုင်ဖို့အတွက် တစ်ထောင့်တစ်နေရာက ကူညီပေးနေပါသေးတယ်။

တကယ်လို့ သင့်အနေနဲ့ ဝိုင်ဖြင့် အရသာရှိတဲ့ဟင်းလျာများဖန်တီးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးချနိုင်ပါတယ်။

ဆွေမျိုးမေ့သွားစေမယ့် ကြက်ကင်

Easy Ways to Cook with Wine

ပါဝင်ပစ္စည်းများကတော့ သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ ကြက်သွန်ဖြူ ၄ မြွှာ၊ Rosemary ၃ ခက်ခန့်၊ Oregano ရွက် အနည်းငယ်၊ ကြက်ပေါင်တုံး ၄ တုံး၊ ဝိုင်အဖြူ ၂၀၀ မီလီလီတာ၊ ချယ်ရီခရမ်းချဉ်သီး ၂၅၀ ဂရမ်တို့ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး Oven ကို ၂၂၀ ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင်အပူပေးထားပါ။ Ovenproof ဒယ်အိုးထဲသို့ သံလွင်ဆီထည့်ကာ အပူပေးပါ။ ထို့နောက် ကြက်သွန်ဖြူနှင့် အခြားသော ဟင်းခက်အမွှေးအကြိုင်များထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။ ရရှိလာတဲ့ဆီကို ပန်းကန်လုံးထဲ ဖယ်ထားပါ။

Easy Ways to Cook with Wine

ထို့နောက် ကြက်သားတုံးများကို ဒယ်အိုးထဲထည့်ကာ တစ်ဖက်ခြမ်းစီလျှင် ၁၀ မိနစ်၊ ၁၂ မိနစ်ခန့် အပူပေးပါ။ ထို့နောက် ဝိုင်ဖြူထည့်ကာ ၂ မိနစ်ခန့် တည်ထားပါ။ ဝိုင်များ ကြက်သားထဲ စိမ့်ဝင်သွားပြီဆိုရင်တော့ ဆားအနည်းငယ် ဖြူးလိုက်ပါ။

ချယ်ရီခရမ်းချဉ်သီးထည့်ပါ။ စောစောက ဆီသတ်ထားတာကို ဒယ်အိုးထဲပြန်ထည့်ပါ။ ထို့နောက် ဒယ်အိုးကို Oven ထဲထည့်ကာ မိနစ် ၂၀၊ ၂၅ မိနစ်ခန့် အပူပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ကင်ဟင်းလျာလေးရရှိသွားပါပြီ။

လျှာလည်သွားစေမယ့် အမဲသားကင်

Easy Ways to Cook with Wine

လိုအပ်မယ့်ပစ္စည်းများကတော့ အမဲသား ၈၀၀ ဂရမ်၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ထောပတ် ၃၀ ဂရမ်၊ ကြက်သွန်ဖြူ ၃ မြွှာ၊ မှို အနည်းငယ်၊ ဝိုင်နီ စားပွဲတင်ဇွန်း ၁၆ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး Oven ကို ၂၀၀ ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင်အပူပေးထားပါ။ ထို့နောက် Ovenproof ဒယ်အိုးကို အပူပေးပါ။ ဆီထည့်ပါ။ အမဲသားထည့်ကာ ၃ မိနစ် ခန့် အညိုရောင် ပြောင်းသွားသည်အထိ အပူပေးပါ။ ထို့နောက် အမဲသားကို တစ်ဖက်လှန်ကာ ထောပတ်၊ ကြက်သွန်ဖြူ ထည့်ပါ။

ထောပတ်ဆီများကို အမဲသားပေါ် ၁ မိနစ် ပြည့်သည်အထိ ဆမ်းချပေးရပါမယ်။ ထို့နောက် မှိုထည့်ပါ။ ဝိုင်ထည့်ကာ ဆူပွက်လာအောင် တည်ပါ။ ပြီးရင်တော့ Oven ထဲထည့်ကာ ၅ မိနစ်၊ ၆ မိနစ်ခန့် အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ အမဲသားကင်လေး ရရှိသွားပါပြီ။

Source: Delicious.com.au

Featured Image Source: Decanter