ဖုန်းအပူလွန်ကဲတယ်ဆိုတာ အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဖုန်းသုံးရင်း ၊ ဂိမ်းဆော့ရင်း ဖုန်းက ရုတ်တရပ်ပူတက်လာပြီဆိုရင် ဖုန်းကို ချက်ချင်း Cool Down ဖြစ်သွားအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒီအတွက် ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) Apps တွေ ပိတ်ပါ

Photo: Freepik

ဖုန်းအပူလွန်ကဲတဲ့အကြောင်းအရင်း တစ်ခုက App တွေ အများကြီးကို တပြိုင်တည်း ဖွင့်သုံးနေမိလို့ ဖြစ်နိုင်ပါတယ်။ ဖုန်းမှာ Apps အများကြီး ဖွင့်ထားတာဟာ RAM နဲ့ Processor ကို အလွန်အကျွံအလုပ်လုပ်ခိုင်းနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းကို Workload အများကြီးပေးမိလို့ Heat တက်မလာအောင် ဖွင့်ထားတဲ့ Apps တွေ ပိတ်ထားပါ။

(၂) အားသွင်းတာ ရပ်လိုက်ပါ

Photo: Freepik

ဖုန်းကို Apps တွေဖွင့်ပြီး ဒီအတိုင်း ထားတာ ၊ မလိုအပ်ဘဲ အားသွင်းနေမိတာမျိုးကလည်း ဖုန်းအပူလွန်ကဲနိုင်ပါတယ်။ အားသွင်းရင်း ဖုန်းသုံးခြင်းကလည်း ဖုန်းကို ချက်ချင်းအပူလွန်ကဲလာစေနိုင်ပါတယ်။ အလွယ်ဆုံးက ဖုန်းသုံးတာရပ်လိုက်ပါ။ အားသွင်းထားတာ ဖြုတ်လိုက်ပါ။ တစ်ဆက်တည်း ပြောချင်တာက ဖုန်း Charger ကလည်း ကိုယ့်ဖုန်းအမျိုးအစားအတွက် ထုတ်ထားတဲ့ Charger သုံးတာပဲ ဖြစ်ပါစေ။

(၃) ဖုန်း Case ဖြုတ်ထားပါ

Photo: Freepik

Cover တပ်ပြီး ဖုန်းသုံးတတ်ရင် ဖုန်းကို Case ကနေ ဖြုတ်လိုက်ပါ။ တချို့ဖုန်းကာဗာတွေက ဖုန်းထဲက အပူစွန့်ထုတ်ရာမှာ အခက်တွေ့စေနိုင်လို့ဖြစ်ပါတယ်။ ဖုန်းကို တိုက်ရိုက်နေရောင်ခြည်အောက်မှာ ထားတာမျိုးလည်း ရှောင်ရှားသင့်ပါတယ်။

(၄) Airplane Mode ဖွင့်ပါ။ ဒါမှမဟုတ် စက်ပိတ်ပါ

Photo: Freepik

Airplane Mode ဆိုတာ လေယာဉ်ပေါ်မှာ မိုဘိုင်းဒေတာသုံးဖို့တာ ပိတ်ဖို့အတွက် ထုတ်ထားတဲ့ လုပ်ဆောင်ချက်ပါ။ Airplane Mode ပိတ်လိုက်တာနဲ့ ဖုန်းဟာ ဆယ်လူလာ ဒေတာ ၊ Bluetooth နဲ့ WiFi Networks တွေလိုမျိုး လှိုင်းလွှင့်နိုင်တဲ့ Signals တွေနဲ့ အဆက်ဖြတ်လိုက်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ဖုန်းProcessor နဲ့ RAM အလုပ်လုပ်မှုကို အနားရစေပါတယ်။

(၅) တခြား လျှပ်စစ်ပစ္စည်းတွေနဲ့ ဝေးဝေးထားပါ

Photo: Freepik

Overheating ဖြစ်နေတဲ့ ဖုန်းတစ်လုံးကို တခြားဖုန်းတွေ ၊ ကွန်ပျူတာနဲ့ လျှပ်စစ်ပစ္စည်းတွေအနား ထားတာ အန္တရာယ်ကြီးပါတယ်. ဒါကြောင့် ဖုန်းကို Cool Down ချရင်းနဲ့လည်း တခြား Devices တွေနဲ့ ဝေးဝေးထားလိုက်ပါ။