COVID – 19 ရောဂါဂယက်ကြောင့် လူတော်တော်များများလည်း အိမ်ထဲကအိမ်ပြင်မထွက်ကြတော့ပါဘူး။ Gym တွေ အားကစားရုံတွေလည်း ပိတ်လိုက်ပြီဖြစ်တာကြောင့် ဝိတ်တက်ဖို့ကြိုးစားနေတဲ့ ကွီးတို့အတွက်တော့ အခက်တွေ့နေကြရမှာသေချာပါတယ်။ဒါပေမယ့် စိတ်မပူပါနဲ့ အိမ်မှာနေပြီး ဝိတ်တင်နိုင်မယ့် နည်းလမ်းတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။

(၁) တစ်နေ့ကို အနည်းဆုံး (၃) ကြိမ်စားပါ

Source : Shutterstock

အရင်က ရုံးတက်ရလို့ အပြင်ထွက်ရလို့ အစားစားချိန်တွေ ပုံမှန်မရှိခဲ့ဘူးဆိုရင် အခုချိန်ကတော့ တကယ်ကိုအကောင်းဆုံးအချိန်ပါ။အိမ်မှာပဲနေရတာဖြစ်တာကြောင့် အချိန်မှန်မှန်စားနိုင်ပါပြီ။ မနက်စာနေ့လည်စာညစာကို အချိန်မှန်မှန်စားပေးပါ။ကိုယ်က ကိုယ်အလေးချိန်တက်ဖို့ ရည်ရွှယ်ထားတာဖြစ်တာကြောင့် အစားစားတဲ့အခါ ကာဗွန်ဟိုက်ဒရိတ် ပရိုတင်းနဲ့ အဆီဓာတ်မြင့်မားတဲ့အစားအစာတွေကိုဦးစားပေးစားသုံးပေးရပါမယ်။

(၂) ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

Source : Men’s Health

Gym မသွားရလို့ ကိုယ်လက်လှုပ်ရှားမှုမရှိပဲတော့မနေပါနဲ့။ အိမ်မှာပဲလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေများစွာရှိပါတယ်။ ဖြစ်နိုင်ရင်အလေးတုံးတွေဝယ်ထားပါ။ အလေးတုံးမရှိလည်း အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ ကြံဖန်ပြီး ကစားလို့ရပါတယ်။ YouTube ကနေလည်း tutorial ဗီဒီယိုလေးတွေကြည့်ပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်လို့ရပါတယ်။ဒါမှလည်းကြွက်သားထုတည်တက်လာမှာဖြစ်ပြီး ကျန်းကျန်းမာမာနဲ့ ခန္ဓာကိုယ်လှပစွာ ဝိတ်တက်လာမှာပါ။

(၃) ပရိုတင်းဓာတ်မှီဝဲပါ

Source : Ó Crualaoí Butchers

ကိုယ်စားလိုက်တဲ့အစားအစာတွေထဲမှာ ပရိုတင်းဓာတ်မပါရင် ကြွက်သားတွေအဖြစ်ကနေ အဆီထုအဖြစ်သို့ပြောင်းလဲသွားနိုင်ပါတယ်။ ပရိုတင်းဓာတ်ကကြွက်သားတက်လာဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် နေ့စဉ်အစားအစာတွေထဲမှာပရိုတင်းဓာတ်ပါဖို့လိုပါတယ်။အသားများ ငါးများ ဥအမျိုးမျိုး နို့ထွက်ပစ္စည်းများ ပဲများ အခွံမာသီးတွေမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဒီလိုအစားအစာတွေများများစားသုံးပေးဖို့လိုအပ်ပါတယ်။

(၄) အိပ်ချိန်မှန်ပါစေ

Source : Shutterstock

အိမ်မှာနေရတာဟာ ကောင်းတဲ့အချက်တွေရှိသလို ဆိုးတဲ့အချက်တွေလည်းရှိပါတယ်။ကိုယ်ကြိုက်တဲ့အချိန်အိပ်ယာထလို့ရသလို ကြိုက်တဲ့အချိန်မှအိပ်လည်းရပါတယ်။ဒါပေမယ့် သင်ကဝိတ်တက်ချင်တယ်ဆိုရင်တော့ အိပ်ချိန်မှန်ဖို့ အထူးဂရုစိုက်ရပါမယ်။ အနည်းဆုံး (၇) နာရီအိပ်စက်ဖို့လိုအပ်ပြီး ညဘက်တွေမှာ စောစောအိပ်ယာဝင်ဖို့အကြံပြုချင်ပါတယ်။