ယေနေ့ခေတ်မှာ အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ယာဂလေ့ကျင့်ခန်းကို စိတ်ဝင်တစားပြုလုပ်လာကြပြီဖြစ်ပါတယ်။ယောဂလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ အကျိုးသက်ရောက်မှုရှိစေတဲ့အပြင် စိတ်ကိုတည်ငြိမ်အေးချမ်းစေတဲ့ အကောင်ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ဒီနေ့မှာတော့ ယောဂလေ့ကျင့်ခန်းတွေများစွာရှိတဲ့အထဲကမှ နေ့စဉ်နဲ့ အမျှကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို အမြန်ဆုံးသက်သာသွားစေမယ့် ယောဂလေ့ကျင့်ခန်းတစ်ချို့ကိုမျှဝေပေးချင်ပါတယ်။
လေ့ကျင့်ခန်း (၁)
အရင်ဆုံး ယောဂဖျာပေါ်မှာ လေးဘက်ထောက်အနေအထား ပုံစံယူပေးပါ။ပြီးရင်တော့ ဒူးကိုဖြည်းဖြည်းချင်းဆန့်ထုတ်ပြီး ပုံမှာမြင်ရတဲ့အတိုင်း တင်ပါးကိုအပေါ်သို့မြင့်ထားပေးရပါမယ်။ ထိုပုံစံအတိုင်း (၃) မိနစ်ခန့် နေပေးရပါမယ်။
လေ့ကျင့်ခန်း (၂)
အရင်ဆုံး ယောဂဖျာပေါ်မှာ ထိုင်လျှက်နေအထား ပုံစံယူပေးပါ။ ထို့နောက် ပုံမှာပြထားတဲ့အတိုင်း လက်နဲ့ခြေကျင်းဝတ်ကိုထိသည်အထိ ခါးကိုအရှေ့ဘက်သို့ ညင်သာစွာကိုင်းချကာ အသက်ရှုသွင်း ရှူထုတ်လုပ်ပေးပါ။ ထိုပုံစံအတိုင်း (၃) မိနစ်ခန့် နေပေးရပါမယ်။
လေ့ကျင့်ခန်း (၃)
အရင်ဆုံး ယောဂဖျာပေါ်မှာ ခြေထောက်ကို ၂ပေခန့်ကားပြီး မတ်တပ်ရပ်နေတဲ့ အနေအထားပုံစံယူပေးပါ။ထို့နောက် ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ကြမ်းပြင်တဲ့ထိတဲ့အထိ ခါးကိုဖြေးဖြေးချင်းရှေ့သို့ကိုင်းချပါ။ထိုပုံစံအတိုင်း (၃) မိနစ်ခန့် နေပေးရပါမယ်။
လေ့ကျင့်ခန်း (၄)
အရင်ဆုံး ယောဂဖျာပေါ်မှ ထိုင်လျှက်အနေအထား နေရာယူပေးပါ။ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း ခြေဖဝါးနှစ်ခုကိုပူးကပ်ကာ လိပ်ပြာတောင်ပျံပုံသဏ္ဍန်နေပြီး အသက်ကိုဖြေးဖြေးချင်းရှုသွင်းရှူထုတ်လုပ်ပေးပါ။ ထိုပုံစံအတိုင်း (၃) မိနစ်ခန့် ပြုလုပ်ပေးရပါမယ်။